One UI 5 မှာ
အသစ်တွေ ဘာထပ်ထည့်
ထားသလဲ ကြည့်လိုက်ကြရအောင်

၎င်း၏ စွမ်းရည်မြင့်သည့် လုပ်ဆောင်ချက်အသစ်များဖြင့် One UI 5 သည် သင့် Galaxy ကိရိယာများတွင် ကိစ္စများကို အလွယ်တကူ လုပ်ဆောင်နိုင်စေခြင်းဖြင့် သင့်နေ့စဉ်တိုင်းကို သက်သောင့်သက်သာဖြစ်စေပါသည်။ ပိုမိုအသက်ဝင်ပြီး တိုးမြှင့်ထားသည့် စိတ်ကြိုက်ပြင်ဆင်ခြင်းလုပ်ဆောင်ချက်များကို အသုံးပြုခံစားလိုက်ပါ။

Flex မုဒ်

Flex မုဒ်ရှိ နောက်ထပ် အက်ပ်များ

 

ယခုအခါ နောက်ထပ် အက်ပ်များကို Flex မုဒ် ပန်နယ်လ်တွင် သုံးနိုင်ပါသည်။ Flex မုဒ် ဖွင့်ထားသည့်အခါ သင့်ဖုန်းကို အပေါ်သို့ ထောင်မတ်၍ ခေါက်ချိုးလိုက်ပြီး လမ်းညွှန်ဘားတွင် ပေါ်လာသည့် ခလုတ်ကို တို့ပါ။1

မီဒီယာ ထိန်းချုပ်မှုများကို တိုးတက်အောင် လုပ်ထားသည်

 

ရှေ့နှင့် နောက်သို့ 10 စက္ကန့်ကျော်သည့် ခလုတ်များအား Flex မုဒ် ပန်နယ်တွင် ရရှိနိုင်ပါပြီ။ အချိန်ဘားတန်းသို့ သင်တို့ထိလိုက်လျှင် သင်ရွှေ့လိုသည့်အချိန်အား ပြသပေးမည်ဖြစ်ပြီး မှန်ကန်သည့် အခိုက်အတန့်ကို ရှာဖွေရန် ကူညီပေးပါလိမ့်မည်။1

တူးလ်ဘား စိတ်ကြိုက်ပြုလုပ်ခြင်း

 

စခရင် အခွဲမြင်ကွင်း၊ စခရင် ဖမ်းယူခြင်းနှင့် နောက်ထပ်အရာများကဲ့သို့ အထူးထုတ်ကုန်များကို အမြန်အသုံးပြုရန် သင့်ကိုယ်ပိုင် ပုံစံကို ဖန်တီးပါ။ အိုင်ကွန်များကို ပြန်စီရန် သို့မဟုတ် တူးလ်ဘားထဲသို့ သို့မဟုတ် အပြင်သို့ အိုင်ကွန်များရွှေ့ရန် Flex မုဒ် ပန်နယ်လ် တူးလ်ဘားရှိ အိုင်ကွန်တစ်ခုကို ဖိကိုင်ထားပါ။1

တချိန်တည်း အလုပ်များစွာ လုပ်ခြင်း

မကြာသေးမီက စခရင်ရှိ အက်ပ် အစမ်းမြင်ကွင်းများ ပိုမိုကောင်းမွန်ခြင်း

 

ယခုအခါ မကြာသေးမီက စခရင်မှ အက်ပ်များကို သင်ဖွင့်ပြီးလျှင် မြင်တွေ့ရမည့်အတိုင်း ပြသပေးနိုင်ပါသည်။ အက်ပ်တစ်ခုအား စခရင် အခွဲ၊ စခရင်အပြည့် သို့မဟုတ် ပေါ့-အပ်အနေဖြင့် ဖွင့်လိုသလားဆိုသည်ကို အလွယ်ရွေးချယ်နိုင်ပါသည်။

S Pen ဖြင့် ချုံ့ထားသည့် အက်ပ်များကို စစ်ဆေးပါ

 

အက်ပ်တစ်ခုအား သင်ဖွင့်လိုက်လျှင် မည်သို့ ပေါ်လာမည်ဖြစ်ကြောင်း အစမ်းမြင်ကွင်းတစ်ခုကို ကြည့်ရန် ချုံ့ထားသည့် အက်ပ်အိုင်ကွန်တစ်ခုအပေါ်တွင် သင့် S Pen ကို ဝဲလိုက်ရုံပါပဲ။2

စခရင် ခွဲရန် ပေါ်လာသည့် အကွက်မြင်ကွင်းမှ အလွယ် ပြောင်းခြင်း 

 

ပေါ်လာသည့်-မြင်ကွင်းထိပ်တွင် လက်ကိုင်ကို ဖိကိုင်ထားပြီးနောက် အက်ပ်အား သင်မြင်တွေ့လိုသည့် စခရင်ဘေးသို့ ဆွဲလိုက်ပါ။

စခရင်အစွန်းသို့ ဖယ်ထားသည့် ပေါ့-အပ်များ ပြန်လည်ရယူခြင်း 

 

ပေါ့-အပ် မြင်ကွင်းရှိ အက်ပ်တစ်ခုကို အစွန်းတွင် ပိတ်ရန် စခရင်အစွန်းသို့ ဆွဲပြီး ၎င်းကို ရှင်းထုတ်လိုက်ပါ။ ၎င်းကို ပြန်လိုချင်လျှင် ၎င်းကို ယခင်နေရာတွင် ပြန်ရရန် ပေါ့-အပ်ပေါ်ရှိ ဘယ်နေရာတွင်မဆို တို့လိုက်ပါ။

လွယ်ကူစွာ စခရင် ချုံ့ပါ သို့မဟုတ် အပြည့်ချဲ့ပါ 

 

ယခုအခါ ရွေးချယ်စရာမီနူးသို့ မသွားဘဲ အက်ပ် ဝင်းဒိုးတစ်ခုကို အနည်းဆုံးချုံ့နိုင် သို့မဟုတ် ချဲ့နိုင်သည်။ ပေါ့အပ် ဝင်းဒိုးများ၏ ထောင့်တစ်ဖက်သို့ ဆွဲချလိုက်ပါ။

ရိုးရှင်းသော လက်အမူအရာဖြင့် မြင်ကွင်းကို ပြောင်းလဲပါ

 

လက်နှစ်ချောင်းဖြင့် ဘယ်ဘက် သို့မဟုတ် ညာဖက်ခြမ်း သို့မဟုတ် စခရင်အောက်ခြေမှ အလယ်သို့ ဆွဲ‌ရွှေ့ခြင်းဖြင့် စခရင်အပြည့်မှ စခရင်ခွဲမြင်ကွင်းသို့ ပြောင်းပါ။ စခရင်၏ထိပ်ထောင့်တစ်ခုစီမှ လက်တစ်ချောင်းဖြင့် အလယ်သို့ ပွတ်ဆွဲခြင်းဖြင့် စခရင်အပြည့်မှ အလိုအလျောက်ပေါ်လာ‌သော မြင်ကွင်းသို့ ပြောင်းပါ။ လက်ဟန်များကို ဆက်တင် Labs တွင် ဖွင့်နိုင်သည် သို့မဟုတ် ပိတ်နိုင်ပါသည်။

ပိုင်းခြား မျက်နှာပြင်တွင် သင့်အသုံးအများဆုံးအက်ပ်များကို အသုံးပြုပါ

 

ပိုင်းခြား မျက်နှာပြင် မြင်ကွင်းကို စတင်သည့်အခါ သင် လိုအပ်သောအက်ပ်များကို မြန်ဆန်စွာ ရှာတွေ့နိုင်ရန် သင်အသုံးပြုလေ့အများဆုံးရှိသည့် အက်ပ်များကို သင်၏ လတ်တလော အသုံးပြုထားသည့် အက်ပ်များအောက်တွင် ပြသသွားမည်။

စခရင်ခွဲ၍ အက်ပ်များကို အမြန်ဖွင့်ပါ

 

အက်ပ်များကို အလုပ်ဘား သို့မဟုတ် မကြာသေးမီက အသုံးပြုထားသော စခရင်မှ ဆွဲယူပြီးဖွင့်နိုင်ပြီး ဤဟာသည် သင့်အတွက် အဆင်ပြေဆုံးဖြစ်ပါသည်။ စခရင်ခွဲ၌ ဖွင့်ရန် စခရင်၏ထိပ်၊ အောက်ခြေ၊ ဘယ် သို့မဟုတ် ညာဘက်အစွန်းသို့ ဖိဆွဲပါ။ အလိုအလျောက်ပေါ်လာမှုတစ်ခုအဖြစ်ဖွင့်ရန် စခရင်၏အလယ်သို့ ဖိဆွဲပါ။

လုပ်ဆောင်စရာ ဘားတန်း

နောက်ထပ် မကြာသေးမီက အက်ပ်များ 

 

လုပ်ဆောင်စရာ ဘားတန်းတွင် (လေးခုအထိ) ပြသရန် မကြာသေးမီက သုံးထားသည့် အက်ပ်များကို ရွေးချယ်နိုင်ပါသည်။3

ပိုမိုလွယ်ကူသော ညွှန်ပြမှု 

 

လုပ်ဆောင်စရာ ဘားတန်းတွင် အိုင်ကွန် ရှစ်ခုထက်ပိုနည်းပြီး ပြလျှင် လမ်းညွှန် ခလုတ်များအတွက် ပို၍ နေရာလွတ်ရစေရန် လမ်းညွှန် ဧရိယာသည် အလိုအလျောက် အရွယ်ပြန်ချိန်ပေးလိမ့်မည်။3

Camera

ဖမ်းယူ မြင်ကွင်းရှိ ရုပ်ပုံမျိုးစုံ ရွေးချယ်ခြင်း 

 

သင့် Galaxy Z Fold ရှိ ပင်မ စခရင်တွင် ဖမ်းယူမြင်ကွင်းကို အသုံးပြုသည့်အခါ သင်သည် ရုပ်ပုံများစွာကို ရွေးချယ်ရန် ဖိ၍ ကိုင်ထားနိုင်သည်။ ရွေးပြီးနောက် ၎င်းတို့အား တစ်ခါတည်း မျှဝေခြင်း သို့မဟုတ် ဖျက်ခြင်း လုပ်ဆောင်နိုင်သည်။3

ဆယ်လ်ဖီရိုက်ခြင်းများအတွက် ပိုမိုလွယ်ကူသော အရောင်အဆင်း ပြောင်းလဲမှု

 

စခရင်၏ဘေးဘက်ရှိ အထူးပြုလုပ်ချက်များ ခလုတ်ကို အသုံးပြုကာ သင့်ဆယ်လ်ဖီရဲ့ အရောင်အဆင်းကို ပြောင်းလဲရန်မှာ ပိုမိုလွယ်ကူပါသည်။

လွယ်ကူသော အရောင်စစ်ထုတ်မှုရွေးချယ်ခြင်း

 

ကင်မရာ၊ ဓာတ်ပုံတည်းဖြတ်ခြင်းနှင့် ဗီဒီယိုတည်းဖြတ်ခြင်းမုဒ်ရှိ အရောင်စစ်ထုတ်မှုများကို ရွေးချယ်ခြင်းက ပိုမိုလွယ်ကူလာပါသည်။ အရောင်စစ်ထုတ်မှုအားလုံးကို စာရင်းတစ်ခုတည်းတွင် ရနိုင်သောကြောင့် သင့်ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအတွက် ပြီးပြည့်စုံသော အ‌ရောင်စစ်ထုတ်မှုကို တစ်ခါတည်းရှာဖွေနိုင်ပါသည်။

Expert RAW အမြန်အသုံးပြုနိုင်မှု

 

Expert RAW ဖြင့်ဆိုလျှင် အရည်အသွေးမြင့် ရိုက်ချက်များကို ရိုက်ကူးနိုင်ပြီး ၎င်းသည် နောက်ပိုင်းတွင် ဓါတ်ပုံများကို ထိန်းချုပ်မှုအပြည့်ဖြင့် တည်းဖြတ်မှု ပြုလုပ်လိုသူများအတွက် ပြီးပြည့်စုံသည်။ Expert RAW ကို CAMERA ရှိနောက်ထပ် မီနျူးမှ ယခု ပို၍လွယ်ကူစွာ ဝင်သုံးနိုင်ပါသည်။ 4

ပရို စနစ်အတွက် တိုးတက်အောင်လုပ်ဆောင်ထားသည့် Flex မုဒ်

 

သင့် Galaxy Z Fold အား အပေါ်သို့ ထောင်မတ်၍ ခေါက်ထားလျှင် စခရင် အောက်ခြေတွင် ပရိုအတွက် ကိုယ်တိုင်လုပ် သတ်မှတ်ချက်များနှင့် ပရို ဗီဒီယိုမုဒ်များ ပေါ်လာသည့်အတွက် ISO ထိန်းချုပ်မှု၊ အလင်းတံခါး အမြန်နှုန်းနှင့် အခြား သတ်မှတ်ချက်များကို အလွယ် ထိန်းချုပ်နိုင်သည်။3

ပရို စနစ်ရှိ အကူအညီလမ်းညွှန်

 

မှန်ဘီလူးအမျိုးမျိုးများ၊ ရွေးချယ်စရာများနှင့် ထိန်းချုပ်မှုများကို အသုံးပြုနည်းအတွက် အထောက်အကူဖြစ်စေမည့် အကြံပြုချက်များကို ပံ့ပိုးပေးရန် Pro နှင့် Pro ဗီဒီယိုမုဒ်များတွင် အကူအညီ icon ကို ထည့်သွင်းထားပါသည်။

ပရို စနစ်ရှိ ဟစ်စတိုဂရမ်

 

ပြီးပြည့်စုံသော အလင်းဝင်ပေါက်ရရှိရန် ကူညီပေးရန်အတွက် တောက်ပမှုကို စစ်ဆေးရန် ဟီစတိုဂရမ်ကို အသုံးပြုပါ။

လက်တစ်ဖက်တည်းဖြင့် လွယ်ကူစွာ ချုံ့ချဲ့ပါ

 

အနည်းဆုံးချုံ့ချဲ့ဘားဖြင့်၊ လက်တစ်ဖက်တည်းသုံးကာ ဆွဲ‌ရွှေ့ရုံဖြင့် သင်သည် မြင်ကွင်းချုံမှုနှင့် မြင်ကွင်းချဲ့မှုများပြုလုပ်နိုင်ပါသည်။

စတိုင်လ် ရွေးချယ်စရာ အမျိုးစုံဖြင့် ဓာတ်ပုံများတွင် ရေစာများ ထည့်ခြင်း

 

ဓာတ်ပုံ တစ်ပုံချင်စီထောင့်တွင် ရိုက်ကူးခဲ့သည့် နေ့စွဲနှင့် အချိန်တို့ ပါဝင်သည့် ရေစာတစ်ခု အလိုအလျောက် ထည့်၍ သင့်ရေစာကို ပြည့်စုံသည့် ပုံစံတစ်ခု ရစေဖို့ စတိုင်လ် ရွေးချယ်စရာမျိုးစုံဖြင့် စိတ်ကြိုက်လုပ်ဆောင်ပါ။

အစားအသောက်မုဒ်ရှိ အဝေးရိုက်ဓာတ်ပုံမှန်ဘီလူး 

 

တယ်လီဓာတ်ပုံ မှန်ဘီလူးကို အသုံးပြု၍ အစားအသောက်များကို ပိုမိုကောင်းမွန်စွာ အနီးကပ်ရိုက်ယူပါ။ 5

Gallery

မျှဝေထားတဲ့ မိသားစု အယ်လ်ဘမ်

 

သင့်မိသားစုနှင့် ဓာတ်ပုံများမျှဝေခြင်းက ယခင်ကထက် ပိုမိုလွယ်ကူသည်။ သင်ရွေးချယ်ထားသော မိသားစုဝင်များ၏ မျက်နှာများကို မှတ်သားထားခြင်းဖြင့် သင်၏ မျှဝေထားသည့် မိသားစု အယ်လ်ဘမ်တွင် ထည့်သွင်းရန် Gallery မှ ဓာတ်ပုံများကို အကြံပြုပါမည်။ မိသားစုဝင်တစ်ဦးစီအတွက် သိုလှောင်ခန်း 5 GB (လူ 6 ဦးအထိ) ရရှိမည်ဖြစ်သည်။

အယ်လ်ဘမ် စိတ်ကြိုက်ပြုလုပ်ခြင်း

 

သင့် Gallery ကို ရှုပ်ပွစေမှုကို လျှော့ချရန် မည်သည့်အယ်လ်ဘမ်များက ပုံသေဖြင့် ပေါ်လာသည်ကို ရွေးချယ်ပြီး မကြာခဏ အသုံးနည်းသော အယ်လ်ဘမ်များကို ဝှက်ထားပါ။ အမည်တူ အယ်လ်ဘမ်များကို ပေါင်းစည်းနိုင်ပြီး သင်ရွေးချယ်ထားသော လူများ၏ ပုံများပါဝင်စေရန် အလိုအလျောက် အပ်ဒိတ်လုပ်မည့် အယ်လ်ဘမ်များကို ဖန်တီးနိုင်ပါသည်။

ပြန်လည် ပြုလုပ်ထားသည့် အစမ်းမြင်ကွင်းများကို တိုးတက်အောင် လုပ်ထားသည်

 

သင်မွန်းမံနေသည့် ရုပ်ပုံအောက်ခြေတွင် နမူနာ ပုံငယ်လေးများကို ပြသထားသည်။ ပြန်လည် မွန်းမံထားသည့် ရုပ်ပုံနှင့် မူလပုံတို့ကို ပိုကြီးကြီးနှိုင်းယှဉ်ရန် နမူနာ ပုံငယ်တစ်ခုကို တို့ပါ။

ပိုမိုကောင်းမွန်အောင် ပြန်လည်ပြုပြင်ခြင်း

 

ဖယ်ရှားခြင်းကို အသုံးပြုကာဓါတ်ပုံများ ကြည့်ကောင်းစေရန် ပြန်ပြုပြင်ခြင်းသည် အရိပ်များနှင့် ထင်ဟပ်မှုများကို ဖယ်ရှားပေးပါသည်။ ပိုမိုကောင်းမွန်တဲ့ ပုံရိပ်ကြည်လင်ပြတ်သားမှုအတွက် GIF များကိုလည်း ပြန်ပြုပြင်နိုင်ပါသည်။

ပိုမိုရိုးရှင်းတဲ့အချက်အလက်ပြ မြင်ကွင်း

 

သင့် Gallery တွင် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို ကြည့်ရှုနေစဉ် အပေါ်သို့ ပွတ်ဆွဲလိုက်သည့်အခါ၊ ဓာတ်ပုံရိုက်ယူခံရသည့် အချိန်နှင့် နေရာ၊ ဓာတ်ပုံရိုက်ယူသည့် ကိရိယာ၊ ဓာတ်ပုံကို သိမ်းဆည်းထားသည့်နေရာနှင့် အခြားအရာများကို မြင်တွေ့နိုင်သည်။

ပိုမိုအားကောင်းတဲ့ ရှာဖွေမှု

 

ယခု သင်သည် လူတစ်ဦးထက်ပိုသော သို့မဟုတ် တစ်ခုထက်ပိုသော အကြောင်းအရာကို တစ်ပြိုင်တည်း ရှာဖွေနိုင်ပါသည်။ လူအများ၏ မျက်နှာများကို နှိပ်ရုံဖြင့် ၎င်းတို့၏အမည်များကို တဂ်လုပ်ခြင်းမပြုဘဲပင် ၎င်းတို့ကို ရှာဖွေနိုင်သည်။

အဖြစ်အပျက်မှတ်တမ်းများအတွက် ပုံစံအသစ်အားလုံး

 

သင်၏ Gallery တွင် အလိုအလျောက် ဖန်တီးထားသည့် story များကို အပြန်အလှန်ကြည့်နိုင်တဲ့ စလိုက်ရှိုးမြင်ကွင်းဖြင့် အသစ်ပြန်လည်ပြုပြင်ထားပါသည်။ Story များရှိ ဓာတ်ပုံနှင့် ဗီဒီယိုများကြား ‌ရွှေ့ပြောင်းရန် နှိပ်ပါ သို့မဟုတ် ဆွဲ‌ရွှေ့ပါ။

ဓာတ်ပုံနှင့် ဗီဒီယိုတည်းဖြတ်မှု

ပိုလွယ်ကူသည့် ပြုလုပ်ချက် ထိန်းချုပ်မှုများ

 

Gallery ရှိ စစ်ထုတ်မှုနှင့် အရောင်အနုအရင့် ပြုလုပ်ချက်များအား ယခုအခါ ဘေးတိုက်တွန်း အစား လှည့်သည့်ပုံစံဖြင့် အသုံးပြုနိုင်ပါပြီ၊ လက်တစ်ဖက်တည်းဖြင့် ပိုမိုတိကျစွာ လွယ်လွယ်ကူကူ ချိန်ညှိနိုင်ရန် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။

ပြုလုပ်ချက်များကို ကူး၍ ပြန်သုံးခြင်း

 

သင်တည်းဖြတ်ထားသည့် ရုပ်ပုံတစ်ခုထံမှ စစ်ထုတ်မှုများနှင့် အ‌ရောင် အနုအရင့်များကို အခြားတစ်ပုံသို့ ကူး၍ သုံးနိုင်ပါသည်။

တည်းဖြတ်ပြီးသည့်တိုင် ဆုံချက်အသားပေးမုဒ် အထူးပြုလုပ်ချက်များကို ဆက်လာထားရှိပါ

 

မှုန်ဝါးခြင်း၊ စတူဒီယိုနှင့် အဖြူအမည်းပုံစံကဲ့သို့သော ဆုံချက်အသား‌ပေးမုဒ် အထူးပြုလုပ်ချက်များကို ဖြတ်ညှပ်မှုပြုလုပ်ပြီးလျှင်‌တောင်မှ ယခုသိမ်းဆည်းထားပြီးဖြစ်သောကြောင့်၊ နောက်ခံအထူးပြုလုပ်ချက်များကို အချိန်မရွေး ချိန်ညှိနိုင်ပါသည်။

ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် ပြီးပြည့်စုံသော ပုံသဏ္ဍာန်များကို ဆွဲပါ

 

ဓာတ်ပုံနှင့် ဗီဒီယိုတည်းဖြတ်မှုတွင်၊ သင်သည် ယခုအခါ ဘောပင်ကိရိယာကို အသုံးပြု၍ စက်ဝိုင်း၊ တြိဂံ၊ စတုဂံ သို့မဟုတ် အသည်းပုံစံကဲ့သို့သော ပုံသဏ္ဍာန်အချို့ကို အလွယ်တကူဆွဲနိုင်ပါသည်။ ပုံဆွဲပြီးသောအခါ မျဉ်းဖြောင့်များနှင့် ပြီးပြည့်စုံသောထောင့်များအဖြစ် အဆင်သင့် အသွင်ပြောင်းစေရန် သင့်လက်ချောင်းကို စခရင်ပေါ်တွင် ဖိထားပါ။

နောက်ထပ် စတစ်ကာ‌ရွေးချယ်စရာများ

 

အသစ်ထည့်သွင်းထားသော ရုပ်ပြောင်ပုံစတစ်ကာ အခု 60 ဖြင့် သင့်ဓာတ်ပုံနှင့် ဗီဒီယိုများကို ပိုမို‌ပျော်စရာကောင်းအောင်လုပ်ပါ။

အဆင့်မြှင့်ထားသော GIF ပုံ တည်းဖြတ်ခြင်း

 

၎င်းတို့ကို မှန်ကန်သောအရွယ်အစား သို့မဟုတ် ပုံသဏ္ဍာန်ဖြစ်စေရန်အတွက် လှုပ်ရှား‌နေသော GIF ပုံများကို ချုံ့ပြီး ပြောင်းလဲပါ။ 6

ပုံတစ်ခုခုမှ စတစ်ကာများကို ဖန်တီးပါ

 

သင်၏ Gallery ရှိ ဓာတ်ပုံများမှ စတစ်ကာအသစ်များကို ဖန်တီးပါ။ သင်စတစ်ကာအဖြစ်ပြုလုပ်လိုသည့်အပိုင်းကိုရွေးချယ်ပြီး အလှဆင်ခြင်း သို့မဟုတ် ကောက်ကြောင်းများထည့်ရန် lasso ကိရိယာကိုသုံးပါ။ ဓာတ်ပုံနှင့် ဗီဒီယို နှစ်ခုစလုံးတွင် စတစ်ကာကို သင်သုံးနိုင်ပါသည်။ 7

ဒီဇိုင်းနှင့် ကြားခံဆက်သွယ်ပေးသောစနစ်

ချော‌မွေ့သော ပုံရိပ်လှုပ်ရှားသက်ဝင်မှု

 

သက်ဝင်လှုပ်ရှားမှုများနှင့် အသွင်ပြောင်းမှုဆိုင်ရာ အထူးပြုလုပ်ချက်များသည် စခရင်များအကြား ကူးပြောင်းခြင်းကို ပိုမိုသဘာဝကျစေပါသည်။ စခရင်ကို ထိလိုက်သောအခါတွင်၊ သက်ဝင်လှုပ်ရှားမှုများနှင့် အခြားအမြင်အာရုံတုံ့ပြန်ချက်များ အဆင်သင့်‌ပေါ်လာပြီး အပြန်အလှန်တုံ့ပြန်မှုများကို ပိုမိုနားလည်သဘောပေါက်စေပါသည်။

ပိုမိုကောင်းမွန်‌သော မှုန်ဝါးမှု အထူးပြုလုပ်ချက်များနှင့် ရိုးရှင်းသော အရောင်စီမံချက်များ

 

အမြန် ပင်နယ်၊ ပင်မစခရင်နှင့် One UI တစ်လျှောက်လုံးရှိ နောက်ခံမှုန်ဝါးခြင်းဆိုင်ရာ အထူးပြုလုပ်ချက်များကို ပိုမိုရှင်းလင်းပြီး ပိုမိုတသမတ်တည်းဖြစ်စွာ အသုံးပြုရမှုအတွက် တောက်ပသောအရောင်များဖြင့် ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပါသည်။ လွယ်ကူရိုးရှင်းသော အက်ပ်အရောင် စီမံချက်များသည် သင့်အား စိတ်အနှောင့်အယှက်မဖြစ်စေရန်နှင့် သင့်လက်ရှိအလုပ်အပေါ် အာရုံစိုက်ရန် ကူညီပေးပါသည်။

အပ်ဒိတ်လုပ်ထား‌သော အက်ပ်အိုင်ကွန်များနှင့် သရုပ်ဖော်ပုံများ

 

အက်ပ်အိုင်ကွန်၏ သင်္ကေတများသည် ၎င်းတို့ကို ပိုမိုမြင်သာ၍ သိသာထင်ရှား‌စေရန်အတွက် ပိုကြီးထားပါသည်။ တသမတ်တည်းပုံစံဖြစ်စေရန် ရုပ်ပုံစတိုင်အသစ်ကို အချို့အက်ပ်များတွင် အသုံးပြုထားပါသည်။

လက်နှစ်ဖက်ဖြင့် ဆွဲ၍ ချလိုက်ပါ

 

ဖိုင်များ၊ အက်ပ်အိုင်ကွန်များ သို့မဟုတ် အခြား အရာများကို လက်တစ်ဖက်တည်းဖြင့် စတင်ဆွဲခြင်းထက် သင့်အခြားလက်တစ်ဖက်ကို ၎င်းတို့အား သင်ထားလိုသည့် နေရာ သို့မဟုတ် ဖိုလ်ဒါကို ညွှန်ပြစေလိုက်ပါ။ My Files နှင့် Home စခရင်တို့တွင် ပံ့ပိုးပေးထားသည်။

စိတ်ကြိုက်လုပ်ဆောင်ခြင်းနှင့် ဖော်ပြချက်

လော့ခ်စခရင်ကို စိတ်ကြိုက်လုပ်ဆောင်ခြင်

 

တိုက်ရိုက်အစမ်းကြည့်ခြင်းဖြင့် သင်၏နောက်ခံပုံ၊ နာရီစတိုင်၊ သတိပေးချက် ဆက်တင်များနှင့် အခြားအရာအားလုံးကို တစ်နေရာတည်းတွင် စိတ်ကြိုက်ပြင်ဆင်ရန် လော့ခ်စခရင်ကို နှိပ်ပြီးဖိထားပါ။ ထို့အပြင်၊ အသက်ဝင်သောနောက်ခံပုံတစ်ခုဖန်တီးရန် ဗီဒီယိုကလစ်တစ်ခုကို အလွယ်တကူချုံ့ထည့်နိုင်ပါသည်။ အနည်းငယ်နှိပ်ရုံဖြင့်၊ သင့်လော့ခ်စခရင်ပေါ်တွင် သင့်အပျော်ရွှင်ဆုံးအမှတ်တရများထဲမှ တစ်ခုကို ပေါ်လာအောင်လုပ်ပါ။

နောက်ထပ် နောက်ခံပုံရွေးချယ်မှုများ

 

သင်၏ ပင်မနှင့် လော့ခ်စခရင်များအတွက် နောက်ခံပုံများကို ရှာဖွေရလွယ်ကူအောင် နောက်ခံပုံဆက်တင်များကို ပြန်လည်ဒီဇိုင်းရေးဆွဲထားပါသည်။ အသစ်ထည့်ထားသော အရောင်များ၊ ဂရပ်ဖစ်နောက်ခံပုံများနှင့် ‌ရွှေ့လျားနေသော လော့ခ်စခရင်များကို တစ်နေရာတည်းတွင် ရှာ‌ဖွေလိုက်ပါ။

ခေါ်ဆိုမှုနောက်ခံပုံဖြင့် လွယ်ကူသောမှတ်သားမှု

 

အဆက်အသွယ်တစ်ခုစီအတွက် မတူညီသောခေါ်ဆိုမှုနောက်ခံပုံကို သတ်မှတ်ထားပါက တစ်ချက်အမြန်ကြည့်လိုက်ရုံဖြင့် ဘယ်သူခေါ်နေတာလဲဆိုတာ အလွယ်တကူ မြင်နိုင်မည်ဖြစ်သည်။

သင့်အရောင်အကွက်တွင် နောက်ထပ်ရွေးချယ်စရာများ

 

သင့်နှင့် လိုက်ဖက်သောအရောင်များကို ရှာဖွေရန် ပိုလွယ်ပါသည်။ သင့်အကြိုက်နှင့်ကိုက်ညီစေရန် လှပစွာပြင်ဆင်ထားသော သင်၏နောက်ခံပုံ သို့မဟုတ် ကြိုတင်သတ်မှတ်ထားသော အရောင်နှင့်ကိုက်ညီသည့် အရောင် 16 မျိုးအထိ ရွေးချယ်ပါ။

AR Zone နှင့် AR Emoji များ

AR Emoji CAMERAတွင် emoji ၃ ခုကို အသုံးပြုပါ

 

Mask မုဒ်တွင် သင့်သူငယ်ချင်း ၃ ဦးအထိနှင့်အတူ ပျော်စရာ ရုပ်ပုံများနှင့် ဗီဒီယိုများကို ရိုက်ကူးပါ။ emoji ကို နှိပ်၍ သင့်သူငယ်ချင်း၏ မျက်နှာများကို မတူညီသောဇာတ်ကောင်များဖြင့် ‌အပျော်သဘော အစားထိုးကာ စနောက်နိုင်ပါသည်။ 

ကွဲပြားသော AR AR အီမိုဂျီစတစ်ကာများ

 

AR ရုပ်ပြောင်ပုံအသစ်ကို ဖန်တီးသည့်အခါ ပုံသေစတစ်ကာ 15 ခုနှင့် AR အီမိုဂျီစတစ်ကာ အက်ပ်တွင် ဒေါင်းလုဒ်လုပ်နိုင်သော စတစ်ကာအသစ်များဖြင့် ပိုမိုအသက်ဝင်‌အောင်လုပ်လိုက်ပါ။

AR အီမိုဂျီများဖြင့် ပိုမိုလုပ်ဆောင်ပါ

 

AR အီမိုဂျီစတစ်ကာများအတွက် ဖောက်ထွင်းမြင်ရသောာ နောက်ခံကို အသုံးပြုပါ သို့မဟုတ် AR Emoji Camera တွင် သင့်အီမိုဂျီအတွက် နောက်ခံအဖြစ် အသုံးပြုရန် သင့် Gallery မှ မည်သည့်ပုံကို ရွေးချယ်ပါ။ အီမိုဂျီနှစ်ခုကို တွဲချိတ်ပြီး ပျော်ရွှင်စရာ အကများနှင့် ကိုယ်ဟန်များကိုလည်း ဖန်တီးနိုင်သည်။

Samsung ကီးဘုတ်

ရုပ်ပြောင်အတွဲများအတွက် ရုပ်ပြောင်အသစ်များ

 

Samsung ကီးဘုတ်တွင် ရုပ်ပြောင်ပုံအသစ် 88 ခုနှင့် လှုပ်ရှား‌နေသော ကာတွန်းပုံ အသစ် 10 ခုကို ရုပ်ပြောင်ပုံအတွဲများအဖြစ် ဖန်တီးနိုင်ပါသည်။ မျက်နှာအမူအရာများအပြင် တိရစ္ဆာန်၊ အစားအစာနှင့် နေ့စဉ်အရာဝတ္ထု ရုပ်ပြောင်ပုံများကို ပေါင်းစပ်နိုင်ပါပြီ။ သင့်စိတ်ခံစားချက်ကို ထိထိရောက်ရောက်ဖော်ပြရန် ပြီးပြည့်စုံသောပေါင်းစပ်မှုကို ရွေးချယ်ပါ။c

ဖော်ပြချက်ခလုတ်များကို ပြန်စီပါ

 

အထားအသိုကို ပြန်စီရန် ရုပ်ပြောင်ပုံ၊ စတစ်ကာနှင့် အခြားခလုတ်များကို ထိပြီး ဖိထားပါ။

Instant kaomoji

 

ကီးဘုတ်သင်္ကေတများကို အသုံးပြု၍ ဖန်တီးထားသော ကြိုတင်သတ်မှတ်ထားသော မျက်နှာအမူအရာများဖြင့် သင့်စကား‌ပြောခန်းနှင့် စာများကို စွဲဆောင်မှုရှိအောင်လုပ်လိုက်ပါ။ (*^.^*)

နေရာလပ်ဘားတန်း စိတ်ကြိုက်ပြုလုပ်ခြင်း

 

နေရာလွတ်ဘား ဘေးရှိ ကီးဘုတ်၏အောက်ခြေအတန်းတွင် ‌နောက်ထပ်အချက်အလက်များဖြင့် ပြသရန် လုပ်ဆောင်မှုခလုတ်များနှင့် ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတ အမှတ်အသားများကို သင်ရွေးချယ်နိုင်ပါသည်။ မကြာခဏအသုံးပြုသောခလုတ်များကို လွယ်ကူလျင်မြန်စွာ ရိုက်ထည့်ပါ။

ဝစ်ဂျက်

ဘက်ထရီ ဝစ်ဂျက် အသစ်

 

ဘက်ထရီ ဝစ်ဂျက် အသစ်သည် ပင်မ စခရင်မှ သင့် Galaxy ကိရိယာများ၏ ဘက်ထရီအဆင့်ကို စစ်ဆေးနိုင်စေပါသည်။ သင့်ဖုန်း၊ Galaxy Buds၊ Galaxy Watch၊ နှင့် အခြား ပံ့ပိုးပေးသော ကိရိယာများတွင် ဘက်ထရီမည်မျှကျန်သည်ကို သင်တွေ့မြင်နိုင်ပါသည်။

အလိုလိုသိနိုင်သော မိုးလေဝသ ဝစ်ဂျက်

 

သရုပ်ဖော်ပြချက် ပုံစံအသစ်နှင့် လက်ရှိ မိုးလေဝသ အခြေအနေ၏ အကျဉ်းချုပ်သည် နေသာသည်၊ တိမ်ထူသည်၊ မိုးရွာနေသည် သို့မဟုတ် နှင်းကျနေပါက ရာသီဥတုအချက်အလက်ကို သင့်အား အလိုလိုအသိပေးပါသည်။

စမတ်အကြံပြုချက်များ ဝစ်ဂျက်

 

စမတ်အကြံပြုချက်များ ဝစ်ဂျက်သည် သင်မလုပ်မီ လိုအပ်သည်များကို သိကာ သင်ရဲ့အသုံးပြုမှုပုံစံများအပေါ်အခြေခံပြီး အသုံးပြုဖို့ အက်ပ်များ၊ ခေါ်ဆိုရန်လူများ၊ ပြက္ခဒိန်အစီအစဉ်များနှင့် အခြားအရာများကို အကြံပြုပေးပါသည်။ ထို့အပြင် ၎င်းက သင့်လက်ရှိလုပ်ဆောင်ချက်အပေါ် အခြေခံ၍ Spotify သီချင်းများနှင့် နားဆင်စာရင်းများကိုလည်း အကြံပြုပေးပါသည်။ ကားမောင်းခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် နောက်ထပ်အရာများအတွက် လိုက်ဖက်ညီသောသံစဉ်များကို ရယူလိုက်ပါ။

ပင်မစခရင်တွင် ဝစ်ဂျက်များကို စုစည်းပါ

 

သင့်ပင်မစခရင်ကို သပ်သပ်ရပ်ရပ်နှင့် စနစ်တကျဖြစ်စေရန်အတွက် အရွယ်အစားတူ ဝစ်ဂျက်များစွာကို ဝစ်ဂျက်တစ်ခုအဖြစ်သို့ ပေါင်းစပ်ပါ။ အစုတစ်ခုဖန်တီးရန် ဝစ်ဂျက်တစ်ခုကို အခြားတစ်ခုပေါ်သို့ ဆွဲယူကာ ဝစ်ဂျက်များကြားပြောင်းရန် ဘယ်ညာ ဆွဲ‌‌ရွှေ့ပါ။ ရိုးရိုးရှင်းရှင်းဆွဲယူ၍ ချပေးခြင်းဖြင့် သင်၏ အစုသို့ နောက်ထပ်ဝစ်ဂျက်များကို အချိန်မရွေးထည့်နိုင်ပါသည်။ 8

မုဒ်များနှင့် ပုံမှန်လုပ်ငန်းစဉ်များ

သော့ခတ် စခရင်မှ မုဒ် ပြောင်းခြင်း

 

သော့ခတ်စခရင်မှ အိပ်စက်မုဒ်၊ ကားမောင်းမုဒ်နှင့် အခြားမုဒ်များအကြား တိုက်ရိုက် ပြောင်းခြင်း

ကြိုတင်သတ်မှတ်ထားသော လုပ်ရိုးလုပ်စဉ်များကို ပိုမိုလွယ်ကူစွာ ရှာဖွေတွေ့ရှိခြင်း

 

အသုံးဝင်သော လုပ်ရိုးလုပ်စဉ်များကို ရှာဖွေရလွယ်ကူစေရန် ရှာ‌ဖွေတွေ့ရှိမှုမျက်နှာပြင်၏ ဒီဇိုင်းအပြင်အဆင်ကို လွယ်ကူရိုးရှင်းလင်းအောင်ပြုလုပ်ထားပါသည်။

အိပ်စက်ခြင်းမုဒ်း

 

အိပ်ရာဝင်ချိန်ရောက်တဲ့အခါ အမှောင်မုဒ်ကို ဖွင့်ထားခြင်းနဲ့ အသံမုဒ်ကိုပြောင်းလဲခြင်းအစရှိသော လုပ်ဆောင်ချက်များကို အိပ်စက်ခြင်းမုဒ်ဖြင့် အလိုအလျောက်လုပ်ဆောင်နိုင်စေပါတယ်။

သင့်လုပ်‌ဆောင်မှုများအတွက် မုဒ်များ

 

သင့်ဖုန်းကို အခြေအနေတစ်ခုစီတွင် ပြည့်စုံအောင်လုပ်ရန် လေ့ကျင့်ခန်းလုပ်ခြင်း၊ စာလေ့လာခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းကဲ့သို့သော သင်လုပ်ဆောင်နေသည့်မုဒ်ကို ရွေးချယ်ပါ။ ဥပမာအားဖြင့်၊ သင်စာလေ့လာနေစဉ် သို့မဟုတ် လေ့ကျင့်ခန်းလုပ်နေစဉ် 'မနှောင့်ယှက်ပါနှင့်' ကိုဖွင့်ထားပါ။

သင့်မုဒ်ပေါ်အခြေခံ၍ မတူညီသော နောက်ခံပုံများ

 

သင့်လက်ရှိ လုပ်ဆောင်ချက်အပေါ်အခြေခံ၍ သင်၏လော့ခ်မျက်နှာပြင်နှင့် ပင်မမျက်နှာပြင်တွင် မတူညီသောနောက်ခံပုံတစ်ခုကို သတ်မှတ်ပါ။ အလုပ်အတွက် နောက်ခံပုံတစ်ခု၊ လေ့ကျင့်ခန်းလုပ်ရန်အတွက် တစ်ခုနှင့် သင်မုဒ်ကို သတ်မှတ်သည့်အခါ နောက်ထပ်တစ်ခုကို ရွေးပါ။

တစ်ချက်ကြည့်လိုက်လျှင် အသက်ဝင်သော ပုံမှန်လုပ်ငန်းစဉ်များ

 

လက်ရှိလုပ်ဆောင်နေသည့် လုပ်ရိုးလုပ်စဉ်များကို လုပ်ရိုးလုပ်စဉ်များ စခရင်အပေါ်ထိပ်တွင် ယခုပြသထားသဖြင့် ဖြစ်ပွားနေသော အရာကို သင်နားလည်နိုင်ပြီး လိုအပ်ပါက အပြောင်းအလဲများ ပြုလုပ်နိုင်ပါသည်။

လုပ်ရိုးလုပ်စဉ်များအတွက် နောက်ထပ် အခြေအနေများနှင့် လုပ်ဆောင်မှုများ

 

လေယာဉ်မုဒ် သို့မဟုတ် မိုဘိုင်းဟော့စပေါ့ကို အသုံးပြုသည့်အခါ လုပ်ရိုးလုပ်စဉ်များကို အလိုအလျောက်စတင်ပါသည်။ ယခုလုပ်ရိုးလုပ်စဉ်များသည် App Pair တစ်ခုကို ဖွင့်နိုင်သည်၊ ဘယ်/ ညာ အသံညီမှုကို ချိန်ညှိခြင်းနှင့် အခြားအရာများကို လုပ်ဆောင်နိုင်ပါသည်။ သင်သည် ယခု လုပ်ဆောင်ချက်အသစ်များဖြင့် Quick Share နှင့် ထိတွေ့မှုအာရုံခံနိုင်စွမ်းကို ထိန်းချုပ်နိုင်ပြီး သင့်ဖုန်းမြည်သံနှင့် ဖောင့်ပုံစံကို ပြောင်းလဲနိုင်ပါသည်။

ချိတ်ဆက်ထားသော အသုံးပြုရမှု

Quick Share မှတစ်ဆင့် အဆက်အသွယ်များ မျှဝေခြင်း

 

သင့်အဆက်အသွယ်များ အနားတွင် မရှိသည့်တိုင်အောင် ယခုအခါ ဖိုင်များကို ၎င်းတို့ထံသို့ အချိန်မရွေး ပို့နိုင်ပါသည်။9

Quick Share ဖြင့် ဖိုင်များကို ပို၍ လုံခြုံစိတ်ချစွာ မျှဝေခြင်း

 

၎င်းကို မျှဝေချိန်တွင် ကိုယ်ရေးကိုယ်တာ အကြောင်းအရာများကို ကာကွယ်ပါ။ သင်ပို့လိုက်သော ဖိုင်များ၏ သက်တမ်းကုန်သည့် နေ့စွဲကို သင်မှ သတ်မှတ်နိုင်သည်၊ အချိန်မရွေး မျှဝေမှုကို ပယ်ဖျက်နိုင်သည်၊ လက်ခံသူများမှ သိမ်းဆည်းခြင်း သို့မဟုတ် ပြန်မျှဝေခြင်းမပြုလုပ်ရန် ကာကွယ်နိုင်သည်။  

Samsung Notes တွင် ပူးပေါင်းဆောင်ရွက်ခြင်း

 

လူများစွာ တစ်ချိန်တည်းမှာ အတူတကွ တည်းဖြတ်နိုင်မည့် မျှဝေထားသောမှတ်စုကို ဖန်တီးပါ။ သင့်လုပ်ဖော်ကိုင်ဖက်များနှင့် အစီရင်ခံစာတစ်ခုရေးပါ၊ ကျောင်းစာလုပ်သည့်အဖွဲ့အတွက် မှတ်စုများဖန်တီးပါ၊ သို့မဟုတ် သူငယ်ချင်းတစ်ဦးနှင့် ပုံဆွဲပါ။ ဖြစ်နိုင်ခြေများမှာ အဆုံးမရှိပါ။

မျှဝေထားသော အက်ပ်သို့ ပိုလွယ်ကူသော ဖိတ်ခေါ်ချက်

 

မက်ဆင်ဂျာ၊ အီးမေးလ်နှင့် လူမှုရေး မီဒီယာ ကဲ့သို့သော အက်ပ်အမျိုးမျိုးမှ မျှဝေနိုင်သော လင့်ခ်တစ်ခုကို အသုံးပြု၍ မျှဝေထားသော အယ်လ်ဘမ်များ၊ မှတ်စုများနှင့် ပြက္ခဒိန်များအတွက် လူပုဂ္ဂိုလ်များကို သင်ယခု ဖိတ်ခေါ်နိုင်ပါသည်။ 

Galaxy Book နှင့် ဖုန်းကြားတွင် အများအပြားထိန်းချုပ်မှုကို ထပ်မံတိုးထည့်ထားပါသည်

 

Galaxy Book ၏မောက်စ်၊ ကီးဘုတ် သို့မဟုတ် ခြေရာခံအပြားကို Galaxy တက်ဘလက်နှင့် သာမက Galaxy ဖုန်းနှင့်ပါ ယခု မျှဝေလိုက်ပါ။ သင်သည် စာသားကို ကူးယူပြီး ကူးထည့်နိုင်ပြီး၊ ပုံများကို ကိရိယာတစ်ခုမှ အခြားကိရိယာတစ်ခုသို့ ချောမွေ့စွာ ဆွဲယူပြီး ချနိုင်သည် — ၎င်းတို့သည် ကိရိယာတစ်ခုတည်းလိုမျိုး‌‌လောက်ပင် ဖြစ်သွားပါသည်။ 10

မီဒီယာ ရုပ်ထွက်တွင် Wi-Fi စပီကာ

 

Spotify Connect နှင့် Chromecast Built-in™ ဖြင့် Wi-Fi စပီကာများဖွင့်ပြီး သီချင်း ဆက်လက်နားဆင်လိုပါက သီချင်းအက်ပ်များမဟုတ်ဘဲ Quick panel ရှိ မီဒီယာ ရုပ်ထွက်ကိုသာ ဖွင့်လိုက်ပါ။ 11

PCတွင် ဆက်လက်ရှာဖွေကြည့်ခြင်း

 

သင့်ဖုန်းတွင် Samsung အင်တာနက်ဖြင့် ရှာဖွေကြည့်နေပြီး နောက်ပိုင်းမှ သင့် PC ပြန်သုံးပါက သင့်ဖုန်းတွင်ဖွင့်ထားသည့် ဝဘ်ဆိုက်များကို ရှာတွေ့နိုင်ပြီး PC ဘရောက်ဆာဖြင့် ဆက်လက်ရှာဖွေ ကြည့်ရှုနိုင်ပါသည်။ 12

တစ်ချက်နှိပ်ရုံဖြင့် PC တွင် မိုဘိုင်းဟော့စပေါ့ကို အသုံးပြုပါ

 

သင့်ဖုန်းရှိ မိုဘိုင်းဟော့စပေါ့ ဖွင့်စရာမလိုသည့်အပြင် စကားဝှက်ကို ရိုက်ထည့်ဖို့ မလိုဘဲ ကလစ်တစ်ချက်နှိပ်ရုံဖြင့် မိုဘိုင်း ဟော့စ‌ပေါ့ကို သင့် PC နှင့် ချိတ်ဆက်ခြင်းဖြင့် အင်တာနက် အသုံးပြုနိုင်သည်။ 13

သင်၏ TV တွင် ဖုန်းသတိပေးချက်များကို ဝှက်ထားပါ

 

Smart မြင်ကွင်းဖြင့် သင့် TV တွင် သင့်ဖုန်းမှ အကြောင်းအရာများကို ကြည့်ရှုသည့်အခါ၊ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို အခြားသူများမမြင်စေရန်အတွက် သင့် TV တွင် သတိပေးချက်များကို ဝှက်ထားရန် သင်ရွေးချယ်နိုင်ပါသည်။

ချိတ်ဆက်ထား‌သော ကိရိယာများ မီနူး

 

ချိတ်ဆက်ထားသော ကိရိယာများ မီနူးကို ဆက်တင်များသို့ အသစ်ထည့်သွင်းထားပြီး Quick Share၊ Smart View နှင့် Samsung DeX ကဲ့သို့သော အခြားကိရိယာများနှင့် လုပ်ဆောင်နိုင်သော လုပ်ဆောင်ချက်များကို တစ်နေရာတည်းတွင် ပိုမိုမြန်ဆန်လွယ်ကူစွာ ဝင်ရောက်ကြည့်ရှုနိုင်စေပါသည်။

Google Meet တွင် ဗီဒီယိုခေါ်ဆိုမှု

 

Google Duo နှင့် Google Meet တို့သည် Google ၏ အကောင်းဆုံးနည်းပညာများကို ဗီဒီယိုခေါ်ဆိုမှု အသုံးပြုရမှုတစ်ခုဖြစ်သည့်- Google Meet သို့ ယူဆောင်လာစေရန် ပေါင်းစပ်ထားပါသည်။ Google Meet ဖြင့်၊ သင်သည် ပါဝင်သူ အယောက် 100 အထိနှင့်အတူ အဆင်သင့် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီး ဗီဒီယိုအစည်းအဝေးများကို အချိန်ဇယားဆွဲနိုင်ပါသည်။ 14

Google Meet တွင် တိုက်ရိုက်မျှဝေခြင်း

 

Google Meet မှ တိုက်ရိုက်မျှဝေခြင်းဖြင့် တွဲဖက်လှုပ်ရှားမှုများကို လုပ်ဆောင်ပါ။ YouTube ဗီဒီယိုများကို ကြည့်ရှုပါ၊ သီချင်းနားထောင်ပါ သို့မဟုတ် အခြားသူများနှင့် အချိန်နှင့်တပြေးညီ ဂိမ်းကစားပါ။ 15

Samsung Health

အိပ်စက်မှု နည်းပြကို တိုးတက်အောင်လုပ်ထားသည်

 

ယခုအခါ နည်းပြ အကြောင်းအရာများနှင့် ပုံစံတို့အား သင့်တိုးတက်မှု အခြေအနေကို အလွယ်ကြည့်ရှူစစ်ဆေးနိုင်ရန်နှင့် ပိုမိုကောင်းမွန်သည့် အိပ်စက်မှု အမူအကျင့်များကို ပျိုးထောင်နိုင်ရန် ပြုလုပ်ထားသည်။16, 17

နောက်ထပ် အဓိပ္ပာယ်ရှိသော အိပ်စက်မှု ဒေတာ

 

အိပ်စက်မှု အချက်တစ်ခုစီကို စစ်ဆေးရန်နှင့် ပို၍ နားလည်စေရန်အတွက် စခရင် ပုံသဏ္ဍန်နှ်င့ ဖြေရှင်းနည်းများကို တိုးတက်အောင် လုပ်ဆောင်ထားသည်။16, 17

အိပ်စက်နေစဉ်အတွင်း အရေပြား အပူချိန် တိုင်းတာခြင်း

 

သင့်အား ပိုမိုသက်သောင့်သက်သာဖြစ်သည့် အိပ်စက်မှု ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရာတွင် ကူညီပေးနိုင်ရန် တစ်ညတာလုံး သင့်အရေပြား အပူချိန် အပြောင်းအလဲကို စောင့်ကြည့်ပေးသည်။16, 18

ပိုမိုကောင်းမွန်သည့် လေ့ကျင့်ခန်း အနှစ်ချုပ်များ

 

လေ့ကျင့်ခန်း အနှစ်ချုပ် အသစ်များက သင့်လေ့ကျင့်ခန်းမှ ပို၍ အဓိပ္ပာယ်ရှိသော အာရုံစိုက်မှုကို ရရှိစေရန် ကူညီပေးသည်။

သင့်ပန်းတိုင်များနှင့် တွေ့ရှိနိုင်စေရန် လမ်းကြောင်းပေါ်တွင် ဆက်နေပါ

 

သင့်အား ဆက်လက် စိတ်ဓာတ်တက်ကြွစေရန်နှင့် သင့်ကျန်းမာရေး ပန်းတိုင်များကို ပြည့်မီအောင် ကူညီပေးနိုင်ရန် ဆုလာဘ်များ၊ ဆုတံဆိပ်များနှင့် ပုဂ္ဂိုလ်ရေးရာ အကောင်းဆုံး မှတ်တမ်းများကို တိုးတက်အောင် လုပ်ဆောင်ထားသည်။

Samsung DeX

DeX တွင် အလုပ်အများအပြား လုပ်ကိုင်ခြင်းကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားသည်

 

ပိုင်းခြား မျက်နှာပြင် မြင်ကွင်းတွင် သင်သည် ယခုအခါ ဝင်းဒိုးနှစ်ခုလုံးကို အရွယ်အစားပြင်ရန် စခရင်၏အလယ်တွင် ပိုင်းခြားချက်ကို ဆွဲယူနိုင်ပါသည်။ စခရင်၏လေးပုံတစ်ပုံအားဖြည့်ရန် ထောင့်တစ်ဖက်သို့ ဝင်းဒိုးတစ်ခုကိုလည်း ပွတ်ဆွဲနိုင်သည်။

အသစ်ထည့်ထားသော အလုပ်ဘား

 

အက်ပ်များကို ရှာဖွေဖို့ လွယ်ကူစေရန်၊ အလုပ်ဘားပေါ်တွင် ရှာဖွေမှုခလုတ်တစ်ခုရှိပါသည်။ ၎င်းတို့ကို ညာဘက်-ကလစ်နှိပ်ခြင်းဖြင့် အချို့အက်ပ်များအတွင်း လုပ်စရာများကို လျင်မြန်စွာ အသုံးပြုနိုင်ပါသည်။ အလုပ်ဘားတွင် သင်ပြလိုသော ခလုတ်များနှင့် အက်ပ်များကို စိတ်ကြိုက်ပြင်ဆင်ပါ။

အလုပ်ဘားရှိ သတိပေးချက် အညွှန်း အသစ်

 

သတိပေးချက် ပန်နယ်ကို သင်နောက်ဆုံးအကြိမ်ဖွင့်သည့်အချိန်မှစ၍ သတိပေးချက် အသစ်တစ်ခုခုကို လက်ခံရရှိပါက သင့် အလုပ်ဘားရှိ အသိပေးချက် ခလုတ်တွင် အနီစက်တစ်ခု ပေါ်လာပါသည်။

Taskbar ရှိ ပြက္ခဒိန်အသေးစား

 

သင့် အလုပ်ဘားရှိ ရက်စွဲကို နှိပ်ခြင်းဖြင့် ပြက္ခဒိန်အက်ပ်အပြည့်အစုံကို မဖွင့်ဘဲ သင့်အချိန်ဇယားကို လျင်မြန်စွာ စစ်ဆေးနိုင်စေမည့် အသေးစားပြက္ခဒိန်ကို ယခုဖွင့်ပေးပါသည်။

စာသား ထုတ်နုတ်ခြင်း

ရုပ်ပုံ သို့မဟုတ် စခရင်တစ်ခုခုမှ စာသားကို ထုတ်ယူပါ

 

Samsung ကီးဘုတ်၊ အင်တာနက်၊ Gallery အသုံးပြုခြင်း သို့မဟုတ် စခရင်ဓာတ်ပုံရိုက်သည့်အခါတိုင်း စာသားကို ထုတ်ယူပါ။ ရလဒ်ကို စာရိုက်မည့်အစား စာတို၊ အီးမေးလ်၊ သို့မဟုတ် စာရွက်စာတမ်းတွင် ပြင်ဆင်ပြီး ကူးထည့်လိုက်ပါ။ 19

ရှေ့‌နောက်ဆက်စပ်‌သော အကြံပြုချက်

 

Gallery၊ ကင်မရာ သို့မဟုတ် အခြားအက်ပ်များရှိ ပုံတစ်ခုတွင် စာသားပေါ်လာသောအခါ၊ အချို့သောလုပ်ဆောင်ချက်များကို စာသားအပေါ်အခြေခံ၍ အကြံပြုပါမည်။ ဥပမာအားဖြင့်၊ သင်သည် ၎င်းပေါ်တွင် ဖုန်းနံပါတ် သို့မဟုတ် ဝဘ်လိပ်စာပါသည့် ဆိုင်းဘုတ်ကို ဓာတ်ပုံရိုက်ပါက၊ နံပါတ်ကို ခေါ်ရန် သို့မဟုတ် ဝဘ်ဆိုက်သို့ ဝင်ကြည့်ရန် တို့နိုင်ပါသည်။ 

အသုံးပြုနိုင်မှု

အမြန်ပန်နယ်ရှိ ဖတ်နိုင်မှုရွေးချယ်စရာများ

 

အလွန်သိသာထင်ရှားသောဖောင့်၊ အရောင်ပြောင်းပြန်လှန်မှု၊ အရောင်ချိန်ညှိမှုနှင့် အရောင်စစ်ထုတ်မှုများကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေရန် အမြန်ပန်နယ်တွင် ထည့်သွင်းနိုင်ပါသည်။

သင့်ဖုန်းကို ပုံကြီးချဲ့‌သည့်ကိရိယာအဖြစ် အသုံးပြုပါ

 

အကျယ်ချဲ့မှုစနစ် လုပ်ဆောင်ချက်ကို အမြန်အသုံးပြုခွင့်ရရန် အသုံးပြုနိုင်မှု ဆက်တင်များတွင် အကျယ်ချဲ့မှု‌စနစ် ရှော့ကတ်ကို ဖွင့်ပါ။ အကျယ်ချဲ့မှု‌စနစ်သည် သင်ပိုမိုနီးကပ်စွာကြည့်ရှုလိုသော အရာများ သို့မဟုတ် စာသားများကို ပုံကြီးချဲ့ရန်အတွက် သင့်ဖုန်း၏ကင်မရာကို အသုံးပြုပါသည်။

နောက်ထပ် အသံအကူအညီစနစ်

 

စခရင်ကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း၊ သင့်ဖုန်းအသုံးပြုနေစဉ် အကူအညီရယူရန် အသံတုံ့ပြန်ချက် အမျိုးအစားအမျိုးမျိုးမှ ရွေးချယ်ပါ။ သင်သည် သင့်ဖုန်းကို ကီးဘုတ် input အား ပြန်ဖတ်ပြစေရန် ပြုလုပ်ခြင်းဖြင့် စကားလုံးအမှန်ကို စာရိုက်လိုက်ကြောင်း‌ သေချာစေပါသည်၊ အနီးနားရှိ အရာဝတ္ထုများကို သိရှိပြီး ၎င်းတို့သည် မည်သည့်အရာဖြစ်ကြောင်း သင့်အား ပြောပြ‌၍ ဗီဒီယို (ပံ့ပိုးထားသော ဗီဒီယိုများအတွက်သာ ) တစ်ခုတွင် ဖြစ်ပျက်နေသည်များကို ရှင်းပြသည့် အသံဖော်ပြချက်များကို ဖွင့်‌ပေးရန် Bixby Vision ကို အသုံးပြုပါ။ 20

အသုံးပြုနိုင်မှု ခလုတ်တွင် အလွယ်တကူ တည်းဖြတ်ပါ

 

ခလုတ်ကို အသုံးပြု၍ သင်အသုံးပြုလိုသော လုပ်ဆောင်ချက်များကို ပြောင်းလဲရန် အသုံးပြုနိုင်မှု ခလုတ်ကို နှိပ်ပြီး ဖိထားပါ။

ထောင့်တစ်ခုစီတွင် လုပ်ဆောင်မှုများ

 

မောက်စ် သို့မဟုတ် ခြေရာခံပက်ဒ်ကို အသုံးပြုနေပါက၊ မောက်စ်ညွှန်ပြမှုကို စခရင်၏ထောင့်တစ်ခုစီသို့ ရွှေ့ကာ နှိပ်ပြီး ဖိထားနိုင်သည်၊ ဆွဲယူနိင်သည် သို့မဟုတ် ဆွဲယူပြီး ချနိုင်ပါသည်။

ချိန်ညှိချက်များ

သတ်မှတ်ချက်များအတွက် အကြံပြုချက်များ

 

Samsung အကောင့် သို့ ဝင်ရောက်ထားချိန်တွင် သင့် Galaxy စက်ကိရိယာများတွင် မျှဝေရန်၊ ချိတ်ဆက်ရန်နှင့် သင့်အတွေ့အကြုံကို မြှင့်တင်ရန် ကူညီပေးဖို့အတွက် ဆက်တင်စခရင်၏ ထိပ်တွင် အကြံပြုချက်များ ပေါ်လာပါမည်။

စခရင်ရှော့များနှင့် စခရင် ရိုက်ကူးမှုများကို သိမ်းဆည်းရန်နေရာကို ရွေးချယ်ပါ။

 

အဆင့်မြင့် အထူးထုတ်ကုန်များတွင် ဖိုင်တွဲများကို သင်စိတ်ကြိုက်ရွေးချယ်သတ်မှတ်ခြင်းဖြင့် စခရင်ရှော့(တ်)များ စခရင် မှတ်တမ်းယူခြင်းများကို ယခု သိမ်းဆည်းနိုင်ပါသည်။

မနှောင့်ယှက်ပါနှင့် အတွက် ချွင်းချက်များ

 

ယခုအခါ သင်သည် တစ်ဦးချင်းစီ အဆက်အသွယ်များကို မနှောင့်ယှက်ရန် ခြွင်းချက်အဖြစ် သတ်မှတ်နိုင်ပါပြီ။ မနှောင့်ယှက်ပါနှင့်ကို ဖွင့်ထားသည့်အခါတွင်ပင် သတ်မှတ်ထားသော လူများက ဖုန်းခေါပြီး မက်ဆေ့ဂျ်များ ပေးပို့သည့်အခါ သင့်ဖုန်းသည် အသံမြည်သွားမည် သို့မဟုတ် တုန်ခါသွားမည်ဖြစ်သည်။ အက်ပ်များကို ခြွင်းချက်အဖြစ် သတ်မှတ်ရန်လည်း ပိုမိုလွယ်ကူသောကြောင့် မုဒ်ကိုဖွင့်ထားစဉ် ၎င်းတို့ထံမှ သတိပေးချက် လှုံ့ဆော်မှုများကို သင်လက်ခံရရှိနိုင်ပါသည်။ လွယ်ကူရိုးရှင်းသောမီနူးတွင် ၎င်းတို့ကို စာရင်းထဲသို့ထည့်ခြင်းဖြင့် သင်ခွင့်ပြုလိုသောအက်ပ်များကို ရွေးချယ်ပါ။

သိုလှောင်နေရာလွတ်ကို ဆက်လက် ရရှိအောင် လုပ်ဆောင်ခြင်း

 

သင့်အတွင်း သိုလှောင်မှုတွင် နေရာလွတ် နည်းလာသည့်အခါ My Files ရှိ သိုလှောင်မှုကို စိစစ်၍ အက်ပ် ကေ့ချ် အချက်အလက်များကို ပြသပေးသည်။ အက်ပ်ကေ့ချ်များ ရှင်းလင်းခြင်းဖြင့် ဖိုင်များ သို့မဟုတ် အက်ပ်များ ဖျက်ရန် မလိုအပ်ဘဲ နေရာလွတ်ရရှိစေရန် ကူညီပေးသည်။

Device Care တွင် မမ်မိုရီ စီမံခန့်ခွဲမှု တိုးတက်အောင် လုပ်ထားသည်

 

သင့်ဖုန်းတွင် မမ်မိုရီ အသုံးပြုခြင်းဖြင့် အက်ပ်အကြောင်း နောက်ထပ် အချက်အလက်များ ပေးအပ်ထားကာ မမ်မိုရီ အလွန် အသုံးများသည့်အခါ ၎င်းတို့အိပ်စက်ရန် အက်ပ်များကိုထည့်နိုင်သည့် ရွေးချယ်စရာကိုလည်း ပေးအပ်ထားသည်။

အလိုအလျောက် အကောင်းဆုံးပြုလုပ်မှု

 

ကိရိယာစောင့်ရှောက်မှုသည် နောက်ခံအက်ပ်များကိုပိတ်ခြင်းနှင့် မမ်မိုရီကို ရှင်းလင်းရေးလုပ်ခြင်းကဲ့သို့သော အလိုအလျောက် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းဖြင့် သင့်ဖုန်းကို ချောမွေ့စွာလည်ပတ်စေပါသည်။ ထို့အပြင်၊ သင့်ဖုန်းကို အကောင်းဆုံးအခြေအနေတွင်ထားရန် လိုအပ်သည့်အခါတွင် သင့်ဖုန်းကို အလိုအလျောက်ပြန်လည်စတင်ရန် သင်သတ်မှတ်နိုင်ပါသည်။

အသံနှင့် တုန်ခါမှု ချိန်ညှိချက်များအတွက် မီနူးကို ပိုမိုကောင်းမွန်အောင်ပြုလုပ်မှု

 

သင်လိုအပ်သော အသံနှင့် တုန်ခါမှုရွေးချယ်စရာများကို ရှာဖွေရလွယ်ကူစေရန် မီနူးများကို ပြန်လည်ဖွဲ့စည်းထားပါသည်။ သင့်ဖုန်းမြည်သံကို သတ်မှတ်ပြီး အသံအတိုးအကျယ်နှင့် တုန်ခါမှုဆက်တင်များကို တစ်နေရာတည်းတွင် ပြောင်းလဲပါ။

ကိရိယာစောင့်ရှောက်မှုရှိ RAM Plus

 

RAM Plus သည် မလိုအပ်သည့်အခါ သို့မဟုတ် သိုလှောင်မှုနေရာအသုံးပြုမှုကို ကန့်သတ်ရန်လိုအပ်သည့်အခါ ကိရိယာစောင့်ရှောက်မှုတွင် ချက်ချင်းပိတ်နိုင်ပါပြီ။

အက်ပ်တစ်ခုစီအတွက် မတူညီသော ဘာသာစကား ချိန်ညှိချက်များ

 

အက်ပ်တစ်ခုတွင် ဘာသာစကားတစ်ခုကို အသုံးပြုချင်ပါသလား။ ဆက်တင်များရှိ သင့်စိတ်ကြိုက်အသုံးပြုမှု‌ပေါ် မူတည်၍ အက်ပ်တစ်ခုစီအတွက် မတူညီသော ဘာသာစကားများကို ရွေးချယ်နိုင်ပါပြီ။ 21

သတိပေးချက်

သတိပေးချက် အသုံးပြုနိုင်မှု

 

အက်ပ်တစ်ခုကို သင်ပထမဆုံးအကြိမ်အသုံးပြုသောအခါ၊ ၎င်း၏သတိပေးချက်များ ပို့ရန် ခွင့်ပြုမည်လားဟု သင့်အား မေးပါလိမ့်မည်။ သင်စိတ်အနှောက်အယှက် မဖြစ်စေချင်သော အက်ပ်များကို မပို့ရန် အားမနာတမ်း‌ပြောပါ။

ပိုမိုလွယ်ကူသော ထိန်းချုပ်မှုများ

 

အပလီကေးရှင်းတစ်ခုသည် သင့်အား သတိပေးချက်များစွာ ပေးပို့နေပါသလား။ သတိပေးချက်များကို ပိတ်ဆို့ဖို့ ပိုမိုလွယ်ကူစေရန် သတိပေးချက် ထိန်းချုပ်မှုများကို အက်ပ်သတိပေးချက်ဆက်တင်များ၏ ထိပ်တွင် ထားရှိထားပါသည်။ 22

အသေးစိတ်ကျသော ချိန်ညှိချက်များ

 

ယခုအခါ သင်သည် တူညီသော သတိပေးချက်များကို သီးခြားစီ ထိန်းချုပ်နိုင်ပါပြီ။ လော့ခ်စခရင်တွင် ‌ပေါ်လာသော သတိပေးချက်များ၊ အက်ပ်အိုင်ကွန်တံဆိပ်များနှင့် သတိပေးချက်များမှ အားလုံး၊ အချို့ကို ကြည့်ရှုရန် သို့မဟုတ် ဘာတစ်ခုကိုမျှ မကြည့်ရှုရန် ရွေးချယ်ပါ။ သင့်အပေါ်ပဲမူတည်ပါတယ်။

ပိုမိုကောင်းမွန်သော ဒီဇိုင်းအပြင်အဆင်

 

ပိုကြီးသောအက်ပ် အိုင်ကွန်နှင့် ပိုမိုကောင်းမွန်သော စာသားချိန်ညှိမှုသည် လက်ခံရရှိထားသော အသိပေးချက်များကို လျင်မြန်လွယ်ကူစွာ ဖတ်နိုင်စေပါသည်။

ကိုယ်ရေးလုံခြုံမှုနှင့် လုံခြုံရေး

ပြုပြင်ထိန်းသိမ်းမှု မုဒ်

 

ဖုန်းပြင်ရန်အတွက် သင်ပေးပို့သည့်အချိန်ကဲ့သို့သော သင့်ဖုန်းကို တစ်စုံတစ်ယောက်က အသုံးပြုနေသည့်အခါ သင်၏ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ပါ။ ပြုပြင်ထိန်းသိမ်းမှု မုဒ်သည် သင့်ဓါတ်ပုံများ၊ မက်ဆေ့ချ်များ၊ အကောင့်များနှင့် အခြားကိုယ်ရေးကိုယ်တာဒေတာများကို ဝင်ရောက်အသုံးပြုခြင်းမဖြစ်အောင်တားဆီးပေးသည်။

ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မျှဝေသည့်အခါ သတိပေးခြင်း

 

အကြွေးဝယ်ကတ်၊ ID ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်ကဲ့သို့ အရေးကြီးသောအချက်အလက်များပါရှိသော ဓာတ်ပုံများကို မျှဝေရန်ကြိုးစားသည့်အခါ မျှဝေမှုပန်နယ်မှ သင့်အား အသိပေးထားသောကြောင့် ၎င်းတို့ကို အမှန်တကယ်မျှဝေလိုခြင်းရှိ၊ မရှိကို ပြန်လည်စဉ်းစားနိုင်ပါသည်။ 23

အလိုလိုသိသော လုံခြုံရေးစစ်ဆေးမှု

 

အသစ်ထည့်သွင်းထားသော လုံခြုံရေး ဒက်ရှ်ဘုက်သည် သင့်အား လုံခြုံရေးပြဿနာများကို အလွယ်တကူစစ်ဆေးနိုင်ပြီး ၎င်းတို့ကို ချက်ချင်းပြင်နိုင်စေပါသည်။

ပို၍လုံခြုံသော ဝဘ်ရှာဖွေကြည့်ရှုခြင်း

 

ဆိုက်၏လုံခြုံရေးအခြေအနေကိုပြသရန် Samsung အင်တာနက်ရှိ လိပ်စာဘားတွင် အိုင်ကွန်တစ်ခု ပေါ်လာပါသည်။ ဝဘ်ဆိုက်က စုဆောင်းပြီး ခြေရာခံမည့် အချက်အလက်များကို လေ့လာရန် အိုင်ကွန်ကို တို့ပါ။

ပါဝါ မျှဝေခြင်း

အခြားကိရိယာကို အားသွင်းနေစဉ် သင့်ဖုန်းကို ဆက်လက် အသုံးပြုခြင်း

 

သင့် Galaxy Z Fold ကို မျက်နှာပြင် အောက်စိုက်ထား၍ ဖွင့်လိုက်ပါ။ သင့် Galaxy Buds၊ ွGalaxy Watch ကို အသားသွင်းနိုင်ပါသည် သို့မဟုတ် တစ်ဘက်တွင် ကြိုးမဲ့ ပါဝါ မျှဝေခြင်းကို သုံး၍ အခြား ကိရိယာကို အားသွင်းနိုင်ပါသည်။ တစ်ချိန်တည်းတွင် အခြားတစ်ဖက်ရှိ အဖုံးကာဗာ စခရင်နှင့် သင့်ဖုန်းကို ဆက်လက် အသုံးပြုနိုင်ပါသည်။ 3

Samsung အင်တာနက်

ပုံသဏ္ဍန် စိတ်ကြိုက် ပြုလုပ်ခြင်း

 

စခရင် အောက်ခြေတွင် လိပ်စာဘားတန်းကို ပြသရန် ရွေးချယ်သည့်အခါ တက်ဘ်ဘားနှင့် စာညှပ်ဘားတို့ကိုလည်း အောက်ခြေတွင် ပြသပေးပါလိမ့်မည်။

ပိုမိုကောင်းမွန်သော ရှာဖွေမှု

 

ယခုအခါ သင့်ရှာဖွေမှုများတွင် စာညှပ်ဖိုင်တွဲများနှင့် တက်ဘ်အုပ်စုများ၏ အမည်များ ပါဝင်သည်။ ပိုမိုကောင်းမွန်သော ရှာဖွေမှုလော့ဂျစ်သည် တစ်စုံတစ်ခုမှာ စာလုံးပေါင်းမှန်အောင် မပေါင်းထားစေကာမူ သင်ရှာဖွေနေသည့်အရာကို ရှာတွေ့‌နိုင်စေပါသည်။

ပိုလွယ်‌ကူသော စာညှပ်ဖိုင်တွဲ တည်းဖြတ်ခြင်း

 

ဖိုင်တွဲများကို သင် အလွယ်တကူ ဖန်တီးနိုင်သည် သို့မဟုတ် စာညှပ်များကို ရွေးပြီး ဆွဲယူကာ အခြားစာညှပ် သို့မဟုတ် ဖိုင်တွဲသို့ ချပေးခြင်းဖြင့် ၎င်းတို့ကို အခြားဖိုင်တွဲများသို့ ရွှေ့ခြင်းကို အလွယ်တကူ ပြုလုပ်နိုင်သည်။

စနစ်ထည့်သွင်းရန် ဝစ်ဇစ်

သင်၏ Galaxy အသစ်အတွက် ပထမဆုံးအကြိမ် စနစ်ထည့်သွင်းမှု ပိုမိုမြန်ဆန်လွယ်ကူသည်

 

Galaxy သို့မဟုတ် အခြား Android ကိရိယာမှ Galaxy အသစ်သို့ ပြောင်းသုံးသည့်အခါ ဘာမှ ရိုက်ထည့်စရာမလိုဘဲ သင်၏ Wi-Fi ကွန်ရက်များ၊ Samsung အကောင့် နှင့် Google အကောင့်ကို သင့်စက်ပစ္စည်းအသစ်သို့ အလိုအလျောက်လွှဲပြောင်းပေးရန် သင့်စက်ပစ္စည်းဟောင်းရှိ QR ကုဒ်ကို စကန်ဖတ်လိုက်ပါ။24

မိုးလေဝသ

အသေးစိတ် မိုးလေဝသ အချက်အလက်များကို တစ်ချက်ကြည့်ပါ

 

အသုံးဝင်သော မိုးလေဝသ အချက်အလက်သည် မိုးလေဝသ အက်ပ် တွင် ယခုပေါ်လာပါသည်။ ပြင်းထန်သော ရာသီဥတုသတိပေးချက်များ၊ နေ့စဉ် မိုးလေဝသအကျဉ်းချုပ်များ၊ နာရီအလိုက်မိုးရွာသွန်းမှုနှင့် အပူချိန်ကို အရောင်ဖြင့်ပသော ဂရပ်များကို စစ်ဆေးကြည့်နိုင်ပါသည်။

ဖုန်းခေါ်ခြင်း

Bixby စာသားနှင့် ဖုန်းခေါ်ဆိုခြင်း

 

ဖုန်းအဝင်ခေါ်ဆိုမှုများကို အလိုအလျောက် ဖြေဆိုရန် Bixby စာသားနှင့် ဖုန်းခေါ်ဆိုခြင်းကို သုံး၍ ဘာကြောင့် ဒီလူ ဖုန်းခေါ်ရသလဲဆိုသည်ကို ရှာဖွေလိုက်ပါ။ စာသား စကားပြောမှ ဖုန်းခေါ်ဆိုသူရေးလိုက်သည့် စာကို မြင်တွေ့ရမှာဖြစ်ပြီး ဖုန်းခေါ်ဆိုသူထံသို့ ဖတ်ပြမည့်စာကို ရေး၍ဖြစ်စေ သို့မဟုတ် တုံ့ပြန်မှုများကို ရေး၍ဖြစ်စေ လုပ်ဆောင်နိုင်သည်။25

ပြက္ခဒိန်

အစီအစဉ်သို့ ဖိတ်ကြားမည့်သူများကို စီမံခန့်ခွဲခြင်း

 

Samsung ပြက္ခဒိန်အက်ပ်ရှိ သင်၏ Google ပြက္ခဒိန်တွင် အစီအစဉ်တစ်ခုကို ထည့်သွင်းသည့်အခါ၊ ဖိတ်ကြားသူများသည် အစီအစဉ်သို့ ဖိတ်ကြားခံရသူများကို ကြည့်ရှုရန် ခွင့်ပြုထားခြင်းရှိမရှိနှင့် အခြားလူများကို ဖိတ်ကြားနိုင်ခြင်း ရှိမရှိကို သင်ရွေးချယ်နိုင်ပါသည်။

သင့် Google ပြက္ခဒိန်တွင် စတစ်ကာများထည့်ပါ

 

၎င်းတို့ကို ပိုမိုသတိထားမိစေရန် Samsung ပြက္ခဒိန်အက်ပ်ရှိ Google ပြက္ခဒိန်အစီအစဉ်များတွင် စတစ်ကာများကို ယခုထည့်သွင်းနိုင်ပြီဖြစ်ပါသည်။ ထည့်သွင်းထားသည့်စတစ်ကာကို ပြက္ခဒိန်နှင့် လုပ်ငန်းအစီအစဉ် မြင်ကွင်းနှစ်ခုစလုံးတွင် မြင်ရပါမည်။

သင့်အစီအစဉ်များတွင် ဗီဒီယို‌ဆွေးနွေးပွဲများကို ထည့်ပါ

 

Samsung ပြက္ခဒိန်အက်ပ်တွင် Google ပြက္ခဒိန်အစီအစဉ်တစ်ခု ဖန်တီးသောအခါ၊ ဗီဒီယိုအစည်းအဝေးတစ်ခုကို သင်တစ်ချိန်တည်းတွင် သတ်မှတ်နိုင်ပါသည်။ သင့်အစီအစဉ်သို့ ဖိတ်ကြားထားသူတိုင်းသည် ဗီဒီယိုအစည်းအဝေးသို့ လင့်ခ်ကို လက်ခံရရှိပါမည်။

သတိပေးချက်

ယနေ့အတွက် အမျိုးအစားခွဲမှု

 

ယခုလက်ရှိအမျိုးအစားအသစ်တွင် ယနေ့သတ်မှတ်ထားသော သတိပေးချက်များကိုသာ ပြသသည်။ သတိပေးချက်အက်ပ်ရှိ ပင်မစခရင်၏ထိပ်တွင် ၎င်းတို့ကိုလည်း စစ်ဆေးနိုင်ပါသည်။

ပြီးမြောက်သော သတိပေးချက်များကို ပြသ၍ ဝှက်ထားပါ

 

အမျိုးအစားမခွဲခြားဘဲ ပြီးသွားသောသတိပေးချက်များကို သင်ပြသနိုင်သည် သို့မဟုတ် ဝှက်ထားနိုင်ပါသည်။ စခရင်ပေါ်တွင် ပြသထားသည့် လုပ်ဆောင်စရာများကို ပြီးအောင်လုပ်ပါ သို့မဟုတ် သင်ပြီးဆုံးရန် လိုအပ်သည့်အရာများကိုသာ အာရုံစိုက်နေစေရန် ၎င်းတို့ကို ဝှက်ထားပါ။

သတိပေးချက်မြင်ကွင်း ထည့်သွင်းမှု

 

သင့်စိတ်ကြိုက်မြင်ကွင်းကို ရွေးချယ်ပါ။ ပိုမိုရိုးရှင်းသောသတိပေးချက်များကို စခရင်ပေါ်တွင် တစ်ခါတည်းပြသပါ သို့မဟုတ် သတ်မှတ်ရက်စွဲနှင့် အခြေအနေများကဲ့သို့သော အသေးစိတ်အချက်များပါဝင်သည့် တိုးချဲ့ကြည့်ရှုမှုတစ်ခုအဖြစ် သတ်မှတ်လိုက်ပါ။

ကျွန်ုပ်၏ ဖိုင်များ

အဆင့်မြှင့်ထားသော ရှာဖွေမှု

 

ဖိုင်များအားလုံးကို ရှာဖွေရန် သို့မဟုတ် လက်ရှိဖိုင်တွဲရှိ ဖိုင်များကိုသာ ရှာဖွေရန် ရွေးချယ်ပါ။ ဖိုင်အမည်များဖြင့် သို့မဟုတ် စာရွက်စာတမ်းများရှိ စာသား သို့မဟုတ် ပုံများရှိ တည်နေရာအချက်အလက်ကဲ့သို့သော ဖိုင်များတွင်ပါရှိသော အချက်အလက်များဖြင့် ရှာဖွေရန်လည်း သင်ရွေးချယ်နိုင်သည်။ သင်၏ရှာဖွေမှုပြီးမြောက်သောအခါ၊ ရလဒ်များကို အမည်၊ ရက်စွဲ၊ အရွယ်အစား သို့မဟုတ် ဖိုင်အမျိုးအစားဖြင့် စီနိုင်ပါသည်။

နာရီ

များစွာသော အချိန်မှတ်ကိရိယာများ

 

အချိန်တိုင်းကိရိယာ အခု ၂၀  အထိကို တစ်ချိန်တည်းတွင် Clock အက်ပ်တွင် လုပ်ဆောင်နိုင်သည်။

ဒစ်ဂျစ်တယ်နဲ့ ကျန်းမာရေး

ပြန်လည် ပြောင်းလဲထားတဲ့ အက်ပ်

 

သင်လိုအပ်တဲ့လုပ်ဆောင်ချက်များကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ရန် ဒစ်ဂျစ်တယ် ကျန်းမာရေး အက်ပ်အား ပြန်လည်ပြောင်းလဲထားပါသည်။

ဘေးကင်းလုံခြုံမှုနဲ့ အရေး‌ပေါ်

SOS ကို ပေးပို့ပါ

 

သင့်ဖုန်းသည် သင့်အိတ်ကပ်ထဲရှိ‌နေသည့်အခါ သို့မဟုတ် စကား‌ပြောရန် အဆင်မပြေသည့်အခါတွင်၊ အရေးပေါ်ဝန်ဆောင်မှုများကို ဖုန်းခေါ်ဆိုရန် ဘေးခလုတ်ကို ၅ ကြိမ် အမြန်နှိပ်ပါ။

မှတ်ထားတဲ့ အ‌ရေးပေါ်အဆက်အသွယ်စာရင်း

 

သင့်ဖုန်းမှ မှတ်ထားတဲ့ အရေးပေါ်အဆက်အသွယ်စာရင်းကို သင့်နာရီပေါ်တွင်လည်း အသုံးပြုနိုင်ပါသည်။

 

အက်ပ်များ နှင့် ဝန်ဆောင်မှုမျာ

Galaxy စမတ်ဖုန်းသည် မတူညီသော အက်ပ်များနှင့် ဝန်ဆောင်မှုအိုင်ကွန်များကို ပြသလျက်ရှိသည်။ စမတ်ဖုန်း၏ မျက်နှာပြင် နှစ်ဖက်စလုံးတွင် Galaxy စက်ပစ္စည်းများ သုံးစွဲနေသောသူများ၊ Galaxy အက်ပ်များနှင့် ဝန်ဆောင်မှုများနှင့် ဆက်စပ်ပြီး ကိုယ်ဟန်ပြပို့စ်ပေးနေသောသူများကို တွေ့မြင်နိုင်ပါသည်။ Galaxy စမတ်ဖုန်းသည် မတူညီသော အက်ပ်များနှင့် ဝန်ဆောင်မှုအိုင်ကွန်များကို ပြသလျက်ရှိသည်။ စမတ်ဖုန်း၏ မျက်နှာပြင် နှစ်ဖက်စလုံးတွင် Galaxy စက်ပစ္စည်းများ သုံးစွဲနေသောသူများ၊ Galaxy အက်ပ်များနှင့် ဝန်ဆောင်မှုများနှင့် ဆက်စပ်ပြီး ကိုယ်ဟန်ပြပို့စ်ပေးနေသောသူများကို တွေ့မြင်နိုင်ပါသည်။
  • အထက်ဖော်ပြပါ အကြောင်းအရာများ၏ ဖော်ပြချက်များသည် လက်ရှိဗားရှင်းမှ ယခင်ဗားရှင်းအထိ အဆင့်မြှင့်တင်မှုများအပေါ် အခြေခံထားပါသည်။
  • ရရှိနိုင်သော ကိရိယာ မော်ဒယ်လ်၊ နိုင်ငံ/ ဒေသ၊ ဆက်သွယ်ရေးကုမ္ပဏီ သို့မဟုတ် One UI ၏ ထည့်သွင်းထားသော ဗားရှင်းအပေါ်မူတည်၍ ‌ရရှိနိုင်သော လုပ်ဆောင်ချက်များ ပြောင်းလဲနိုင်ပါသည်။ 
  1. Galaxy Z Flip စီးရီးများနှင့် Galaxy Z Fold စီးရီးများတွင် ရရှိနိုင်ပါသည်။
  2. Galaxy Z Fold3 နှင့် နောက်ပိုင်း Galaxy Z Fold စီးရီးများတွင် ရရှိနိုင်သည်။
  3. Galaxy Z Fold စီးရီးများတွင်သာ ရရှိနိုင်ပါသည်။
  4. Galaxy Z Fold5၊ S23 စီးရီးများ၊ Z Fold4၊ S21 Ultra၊ Z Fold3၊ S20 Ultra၊ Note20 Ultra နှင့် Z Fold2 တို့တွင် ရနိုင်ပါသည်။
  5. တယ်လီဓာတ်ပုံမှန်ဘီလူးကို ပံ့ပိုးသည့် ကိရိယာများတွင် အသုံးပြုနိုင်ပါသည်။
  6. စုစုပေါင်းဘောင် 230 သို့မဟုတ် ထိုထက်နည်းသော GIF ပုံများအတွက် အသုံးပြုနိုင်ပါသည်။
  7. အချို့ ပုံအချိုးအစားနှင့် ပုံရိပ်ကြည်လင်ပြတ်သားမှုရှိသော ဓာတ်ပုံများတွင် ရနိုင်ပါသည်။
  8. 2x1 အရွယ်အစား ဝစ်ဂျက်များမှစ၍ အသုံးပြုနိုင်ပါသည်။ ဝစ်ဂျက် 7 ခုအထိ အစုပြုလုပ်နိုင်ပါသည်။
  9. (တစ်နေ့လျှင် စုစုပေါင်း 5GB အတွက်) ဖိုင်တစ်ခုစီသည် 3GB ထက် ပိုကြီး၍ မရပါ၊ လင့်ခ်မှာ နှစ်ရက်အတွင်း သက်တမ်းကုန်မည်ဖြစ်ပြီး Samsung အကောင့် နှင့် အင်တာနက် ဆက်သွယ်မှုရှိရန် လိုအပ်သည်။
  10. တစ်ချိန်တည်းတွင် အများအပြားထိန်းချုပ်မှုသည်ရွေးချယ်ထားသောGalaxy ဖုန်း၊ Galaxy Tab နှင့် Galaxy Book ကိရိယာများတွင်သာ ရရှိနိုင်ပါသည်။ ၎င်းက One UI 4.1 နှင့် အထက်ရှိသော တက်ဘလက်များ၊ One UI 5.1 နှင့် အထက်ရှိသော ဖုန်းများ၊ 2021 တွင်ထွက်ရှိ‌သော သို့မဟုတ် ‌နောက်ပိုင်းတွင်ထွက်ရှိ၍ Samsung သတ်မှတ်ချက်များ v1.5(Intel) သို့မဟုတ် Samsung သတ်မှတ်ချက်များ v3.3(ARM) များပါ‌သော Galaxy Book စီးရီးများတွင် အလုပ်လုပ်ပါသည်။ ကိရိယာ မော်ဒယ်ပေါ်မူတည်ပြီး လုပ်ဆောင်ချက် ရရှိနိုင်မှု ကွဲပြားနိုင်သည်။
  11. Wi-Fi စပီကာကို ချိတ်ဆက်ရန်အတွက် Wi-Fi စပီကာကို ကြိုတင်တပ်ဆင်ထားရန် လိုအပ်ပါသည်။ Chromecast built-in သည် Google LLC ၏ ထုတ်ကုန်အမှတ် တံဆိပ်တစ်ခုဖြစ်ပါသည်။
  12. One UI 3.1.1 သို့မဟုတ် ၎င်းနှင့်အထက် (Samsung Galaxy S, Note, Z Fold, Z Flip) ပါသည့် Samsung Galaxy စမတ်ဖုန်းတွင် Samsung အင်တာနက်အက်ပ်နှင့် Windows 10 20H1 သို့မဟုတ် ၎င်းအထက်ရှိသော Windows PC ကို အသုံးပြုသည့်အခါမှသာ လက်တလော ဝဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Microsoft Phone Link/Link/Windows/Samsung အင်တာနက်တွင် နောက်ဆုံးထွက် အက်ပ် အပ်ဒိတ်လုပ်ရန် လိုအပ်သည်။
  13. 'Instant Hotspot' ကို One UI 4.1.1 ရှိသည့် Samsung Galaxy စမတ်ဖုန်းနှင့် Windows 11 22H2 သို့မဟုတ် ၎င်းအထက်ရှိသော BT-စွမ်းရည် Windows PC တို့တွင်သာ ရရှိနိုင်ပါသည်။ Microsoft Phone Link/Link to Windows တွင် နောက်ဆုံးထွက် အက်ပ် အပ်ဒိတ်လုပ်ရန် လိုအပ်သည်။
  14. Google Meet နှင့် YouTube တို့သည် Google LLC ၏ ကုန်အမှတ်တံဆိပ် ဖြစ်ပါသည်။" 
    အသုံးပြုသူများသည် အပ်ဒိတ်လုပ်ထားသော လုပ်ဆောင်ချက်များကို အသုံးပြုရန် Google Meet သို့မဟုတ် Google Duo အက်ပ်ကို ၎င်း၏ နောက်ဆုံးဗားရှင်းသို့ အပ်ဒိတ်လုပ်ရန် လိုအပ်နိုင်ပါသည်။
  15. အသုံးပြုသူများသည် တိုက်ရိုက်မျှဝေခြင်းကဏ္ဍကို စတင်ရန် သို့မဟုတ် ပါဝင်ရန် Meet သို့မဟုတ် Duo အက်ပ်ကို ၎င်း၏နောက်ဆုံးဗားရှင်းသို့ အပ်ဒိတ်လုပ်ရန် လိုအပ်နိုင်ပါသည်။
  16. အိပ်စက်မှု အထူးထုတ်ကုန်များအား အထွေထွေ ကျန်းမာကြံ့ခိုင်ရေးအတွက်သာ ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ဆေးပညာရပ်ဆိုင်ရာ အခြေအနေများ သို့မဟုတ် အိပ်စက်မှု ပုံမှန်မဖြစ်မှုများကို ထောက်လှမ်းရန်၊ သိရှိရန်နှင့် ကုသရန်အတွက် ရည်ရွယ်ထားခြင်း မဟုတ်ပါ။ အတိုင်းအတာများမှာ သင်ကိုးကားနိုင်ရန်သာဖြစ်သည်။ အကြံဉာဏ်အတွက် ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးပါ။
  17. Galaxy Watch4 နှင့် နောက်ပိုင်းထုတ်များတွင် ရရှိနိုင်သည်။ Galaxy Watch အား အိပ်စက်မှု စီမံခန့်ခွဲရေး လုပ်ဆောင်ချက်ကို သုံးရန် စမတ်ဖုန်းတစ်လုံးနှင့် ချိတ်ဆက်ထားရမည်။
  18. Galaxy Watch5 နှင့် နောက်ပိုင်းထုတ်များတွင် ရရှိနိုင်သည်။ အိပ်စက်မှု စီမံခန့်ခွဲမှု လုပ်ဆောင်ချက်ကို အသုံးပြုရန် Galaxy Watch အား စမတ်ဖုန်းတစ်ခုနှင့် တွဲ၍ အသုံးပြုရမည်။
  19. အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ အီတလီ၊ ဂျာမန်၊ ကိုရီးယား၊ ပေါ်တူဂီနှင့် စပိန်ဘာသာကို လုံးချင်းပုံနှိပ်စာလုံးအကြီးပုံစံနှင့် လက်ရေးပုံစံဖြင့် ထုတ်ယူနိုင်ပါသည်။ ထို့အပြင်၊ ရေးထားသောစာလုံးများ၏ ပုံသဏ္ဍာန်နှင့် စာကြောင်းအကွာအဝေးပေါ်မူတည်၍ စာလုံးများကို မှန်ကန်စွာ မသိရှိနိုင်ခြင်းများလည်းဖြစ်နိုင်ပါသည်။ မူပိုင်ခွင့်ရှိသော အကြောင်းအရာအတွက် လုပ်ဆောင်ချက်ကို အသုံးမပြုနိုင်ပါ။ ထို့အပြင်၊ မူပိုင်ခွင့်ပါ‌သော အကြောင်းအရာကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းအတွက် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာအားလုံးအတွက် အသုံးပြုသူများတွင် တာဝန်ရှိပါသည်။
  20. အသုံးပြုနိုင်မှုအတွက် Bixby Vision
    -ဘာသာပြန်ခြင်း လုပ်ဆောင်ချက်တွင် ပံ့ပိုးပေးထားတဲ့ ဘာသာစကား အမျိုး‌ပေါင်း ၆၀ ကို စာသားဖတ်ပေးတဲ့စနစ် လုပ်ဆောင်ချက်မှ ပံ့ပိုးပေးထားပါတယ်။ ပံ့ပိုးပေးထားတဲ့ ဘာသာစကားများရဲ့စာရင်းကို ကြည့်ရန် ဤနေရာကို နှိပ်ပါ။
    - မြင်ကွင်းဖော်ပြပေးသည့်စနစ်မုဒ်ကို လက်ရှိတွင် အင်္ဂလိပ် (ယူအက်စ်)၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ကိုရီးယား၊ တရုတ် (မန်ဒရင်း)၊ ပေါ်တူဂီ၊ ရုရှား၊ စပိန် (စပိန်) ဘာသာတို့ဖြင့် ပံ့ပိုးပေးပါသည်။
  21. အက်ပ်တစ်ခုစီအတွင်း ပံ့ပိုးပေးထားသော ဘာသာစကားများကို အသုံးပြုနိုင်ပါသည်။ ဘာသာစကားများစွာကို ပံ့ပိုးပေးသည့်အက်ပ်များကို ဆက်တင်များရှိ စာရင်းတစ်ခုတွင် တွေ့နိုင်ပါသည်။
  22. အချို့အက်ပ်များသည် အက်ပ်ရှိ ဆက်တင်များအရ သတိပေးချက် ထိန်းချုပ်မှုများရှိ သတိပေးချက်များကို ပိတ်နိုင်မည်မဟုတ်ပေ။
  23. စနစ်ဘာသာစကားကို အင်္ဂလိပ် (အမေရိကန်) သို့မဟုတ် ကိုရီးယားဘာသာဖြင့် သတ်မှတ်သည့်အခါမှသာ အဆင့်မြှင့်တင်ထားသော ဓာတ်ပုံမျှဝေခြင်း လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါသည်။ ID ဆိုင်ရာကိစ္စတွင်၊ အသုံးပြုနိုင်မှုသည် ဘာသာစကားအပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
  24. BLE နည်းပညာကို ပံ့ပိုးနိုင်သည့် Galaxy S23 စီးရီးများနှင့် နောက်ပိုင်းထွက်များတွင်သာ ရရှိနိုင်သည်။
  25. ‘Bixby စာသားနှင့် ဖုန်းခေါ်ဆိုခြင်း’ အား ကိုရီးယား၊ အင်္ဂလိပ် (ယူအက်စ်၊ ယူကေ၊ အိန္ဒိယ)၊ ဂျာမန်၊ စပိန်၊ ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီ ဘာသာစကားများဖြင့် ထောက်ပံ့ပေးနိုင်သည်။