Samsung pass

သင့်ရဲ့ လျှို့ဝှက်နံပါတ်က သင်ကိုယ်တိုင်ပါဘဲ


Samsung Pass ဖြင့် အချိန်တိုင်း အလွယ်တကူ ဝင်ရောက်ပါ။
သင့်ရဲ့ ဘိုင်အိုမက်ထရစ် ဒေတာဖြင့် သင့်ကိုယ်သင် အလွယ်တကူ အတည်ပြုပြီးနောက် အက်ပ်များနှင့် ဝန်ဆောင်မှုများဆီသို့ ဝင်ရောက်နိုင်ပါတယ်။


* Samsung Pass အတွက် ရရှိနိုင်သော လုပ်ဆောင်ချက်များ၊ အင်္ဂါရပ်များနှင့် တွဲဖက်သုံးနိုင်သော အက်ပလီကေးရှင်းများသည် ကွဲပြားတဲ့ စည်းကမ်းချမှတ်ရေးနှင့် ဥပဒေရေးရာ အနေအထားများကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားနိုင်သည်။

ရိုးရှင်းပြီး လုံခြုံသည်

လက်ဗွေ

Samsung Pass သည် စင်စစ် ‘ဝန်ဆောင်မှုတစ်ခုအနေနှင့် အသုံးပြုနိုင်သော မည်သူမည်ဝါအထောက်ထား စီမံခန့်ခွဲမှုတစ်ရပ်’ ဖြစ်ပြီး၊ ဘိုင်အိုမက်ထရစ်ဆိုင်ရာ စစ်မှန်မှုအတည်ပြုချက်အားဖြင့် လုံခြုံစိတ်ချရသော ဝင်ရောက်အသုံးပြုမှုကို စွမ်းဆောင်စေနိုင်မည် ဖြစ်သည်။


* Samsung Pass အတွက် ရရှိနိုင်သော လုပ်ဆောင်ချက်များ၊ အင်္ဂါရပ်များနှင့် တွဲဖက်သုံးနိုင်သော အက်ပလီကေးရှင်းများသည် ကွဲပြားတဲ့ စည်းကမ်းချမှတ်ရေးနှင့် ဥပဒေရေးရာ အနေအထားများကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားနိုင်သည်။

ပိုမိုကောင်းမွန်တဲ့ လုံခြုံရေး။
အဆင်ပြေပြေနဲ့ ပြည့်ဝတဲ့အကူအညီ။

သင့်ဒေတာများကို စီမံခန့်ခွဲပြီး ဘေးကင်းသော နည်းလမ်းတစ်ခု ပေးစွမ်းနိုင်ဖို့ Samsung Pass ကို ဒီဇိုင်းထွင်ထားပါသည်။ ရှုပ်ထွေးသော စိစစ်အတည်ပြုမှု လုပ်ငန်းစဉ်ကို ကျော်သွားပြီး လွယ်ကူသော ကိုယ်ရေးလုံခြုံမှုနှင့် ဒေတာ လုံခြုံရေး လမ်းကြောင်းသို့ သင့်အား လမ်းညွှန်ပေးရန် Samsung Pass အား လုပ်ဆောင်ခွင့်ပြုလိုက်ပါ။

*အဖိုးတန် အချက်အလက်များ ပေါက်ကြားမှု မဖြစ်စေရန် Samsung Pass အက်ပ်တွင် သိမ်းဆည်းထားသော ဒေတာကို Samsung Knox ဖြင့် ကာကွယ်ပေးထားသည်။

*အဖိုးတန် အချက်အလက်များ ပေါက်ကြားမှု မဖြစ်စေရန် Samsung Pass အက်ပ်တွင် သိမ်းဆည်းထားသော ဒေတာကို Samsung Knox ဖြင့် ကာကွယ်ပေးထားသည်။

အလွန်ရိုးရှင်းတဲ့ log-in ဝင်ရောက်မှုနဲ့ အသုံးပြုရလွယ်ကူမှု

မမှတ်မိပါ။ စစ်မှန်ကြောင်းအတည်ပြုလိုက်ပါ။

သင့်လက်ဗွေရာနှင့် ထိလိုက်ခြင်းဖြင့် သို့မဟုတ် သင့်မျက်လုံးများနှင့် အလျင်အမြန် စကန်ဖတ်လိုက်ခြင်းဖြင့် စာရင်းသွင်းဝင်ရောက်ပါ။ Samsung Pass ၏ အဆင့်မြင့် ဘိုင်အိုမက်ထရစ် စစ်မှန်ကြောင်းအတည်ပြုချက်သည် သင့်အား သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကိုယ်တိုင်ကိုယ်ကျ ထည့်သွင်းနိုင်စေပြီး ကရိကထများသော ဆောင်ရွက်ရမှုများကို ဖယ်ရှားပေးပါသည်။

စမတ်ဖုန်း တစ်လုံးသည် Samsung Pass စာရင်းသွင်းဝင်ရောက်မှု စခရင်အား မြင်ကွင်းပြသထားပြီး၊ အသုံးပြုသူ ID နှင့် လျှို့ဝှက်စကားလုံးတို့ ထည့်သွင်းရန် လိုအပ်သော နယ်ပယ်များကို ပြသထားသည်။ အသုံးပြုသူ ID ဖြစ်သည့် samsung@samsung.com အား ထည့်သွင်းပြီးသည့်နောက် အကွက်တစ်ခု ပေါ်ထွက်လာပြီး လက်ဗွေရာ စစ်မှန်မှု အတည်ပြုချက် အိုင်ကွန်တစ်ခုနှင့်အတူ Use your fingerprints to verify your identity (သင် စစ်မှန်ကြောင်း အတည်ပြုရန် သင့် လက်ဗွေရာများအား အသုံးပြုပေးပါ) ဟု ဖော်ပြသည့် စာသားအား တွေ့ရှိရပေမည်။ ၎င်းအိုင်ကွန်အား နှိပ်လိုက်ပါ။
  • *ဝဘ်အလိုအလျောက် ဖြည့်သွင်းမှုကိုမူ Samsung Internet ဖြင့်သာလျှင် ရရှိနိုင်ပါမည်။
  • **အလိုအလျောက်စာရင်းဖြည့်ပေးသော (Autofill) ဆောင်ရွက်ချက်သည် စာရင်းသွင်းဝင်ရောက်မှုဆိုင်ရာ အချက်အလက်များ (ID/PW ၊ OTP) နှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ (လိပ်စာ၊ ကတ်) အစရှိသည်တို့အား ပံ့ပိုးထောက်ပံ့ပေးသည်။

လျှို့ဝှက်ကီး နဲ့အတူ ပိုမိုအန္တရာယ်ကင်း ရိုးရှင်းလွယ်ကူစွာဖြင့် စာရင်းသွင်းဝင်ရောက်လိုက်ပါ

ဆာဗာ ဟက်ခ်ခံရမှုများနှင့် လိမ်လည်ဖြားယောင်း တိုက်ခိုက်မှုများမှ သင်၏ ဒီဂျစ်တယ် လုံခြုံရေးအား ကာကွယ်ရန်အလို့ငှာ ဘိုင်အိုမက်ထရစ်နှင့် စခရင်လော့ခ်ချမှု နည်းပညာများဖြင့် ကာကွယ်ထားသည့် လျှို့ဝှက်စကားလုံး ထည့်သွင်းရန်မလိုသော အဆင့်မြင့် လော့ဂ်အင်ဝင်ရောက်မှုဖြစ်သည့် လျှို့ဝှက်ကီး အား အသုံးပြုလိုက်ပါ။ Samsung Pass အတွင်းတွင် သင်၏ လျှို့ဝှက်ကီး များအား လုံခြုံစွာ သိမ်းဆည်းထားနိုင်ပြီး၊ လက်ဗွေရာ အသုံးပြုလိုက်ရုံဖြင့် စာရင်းသွင်းဝင်ရောက်ကာ အလွယ်တကူ အသုံးပြုနိုင်မည် ဖြစ်သည်။

  • *လျှို့ဝှက်ကီး လော့ဂ်အင်ဝင်ရောက်မှုအား အပလီကေးရှင်းများ သို့မဟုတ် လျှို့ဝှက်ကီး များအား ပံ့ပိုးပေးသည့် ဝဘ်ဆိုဒ်များတို့တွင် အသုံးပြုနိုင်မည် ဖြစ်သည်။
  • *လျှို့ဝှက်ကီးကို One UI 6 နှင့် ၎င်းအထက်တွင် ပံ့ပိုးထောက်ပံ့ပါသည်။

Samsung Pass ecosystem နဲ့ နေရာတိုင်းမှာ အသုံးပြုပါ

သင့် Samsung Pass ဒေတာအား ကိရိယာများအကြား တစ်ပြိုင်တည်း ထပ်တူဖြစ်နေစေရန် ဆောင်ရွက်ထားနိုင်သည်ဖြစ်ရာ မိုဘိုင်းလ်၊ TV နှင့် PC တို့တွင် အလားတူ အလိုအလျောက်ဖြည့်သွင်းမှု ပြုလုပ်နိုင်သည့် အတွေ့အကြုံများကို ခံစားရရှိစေမည် ဖြစ်သည်။

*Samsung Pass မူဝါဒပေါ်လစီအပေါ်မူတည်ပြီး ပံ့ပိုးထောက်ပံ့ပေးထားသော ကိရိယာများအကြား အပြောင်းအလဲ ရှိကောင်း ရှိနိုင်ပါသည်။ Samsung Galaxy ကိရိယာများ၌ ပံ့ပိုးထောက်ပံ့ပေးထားသော Samsung Pass သည် Android OS ဗားရှင်း 7(Nougat) ဖြစ်သည်။

*Samsung Pass မူဝါဒပေါ်လစီအပေါ်မူတည်ပြီး ပံ့ပိုးထောက်ပံ့ပေးထားသော ကိရိယာများအကြား အပြောင်းအလဲ ရှိကောင်း ရှိနိုင်ပါသည်။ Samsung Galaxy ကိရိယာများ၌ ပံ့ပိုးထောက်ပံ့ပေးထားသော Samsung Pass သည် Android OS ဗားရှင်း 7(Nougat) ဖြစ်သည်။

Samsung Help ကို ဆက်သွယ်ရန်

သင့်မှာ နောက်ထပ် မေးခွန်း ရှိပါသလား။

 

အက်ပ်များနှင့် ဝန်ဆောင်မှုများ

• ပုံဖြင့်သရုပ်ဖော်ပြရန်အလို့ငှာ အသွင်တူဖန်တီးထားသော ကိရိယာနှင့် စခရင်ပုံများ။