Samsung Kids


ဒစ်ဂျစ်တယ်ကမ္ဘာကြီးထဲ ကလေးများရဲ့ ပထမဆုံး ခြေလှမ်းများ
Samsung Kids နှင့်အတူ

သင့်ကလေးအနေဖြင့် ကမ္ဘာကြီးထဲ ပျော်ရွှင်စွာ စူးစမ်းရှာဖွေဖို့နှင့် ဆက်သွယ်ဖို့ Samsung Kids က သင့်ကို ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ပုံဖော်ခွင့်ပေးပါတယ်။ သူတို့လေးတွေ သင်ယူလေ့လာခြင်း၊ ဖွံ့ဖြိုးခြင်း၊ ကြီးပွားတိုးတက်ခြင်း ရှိလာအောင် ဖျော်ဖြေရေးနှင့် အားပေးတိုက်တွန်းရေး နှစ်မျိုးလုံး ဆောင်ရွက်ပေးမယ့် မိသားစုနှင့် လိုက်ဖက်တဲ့ လှုပ်ရှားဆောင်ရွက်ချက်များနှင့်ဆို သင့်ကလေးအနေဖြင့် ဒစ်ဂျစ်တယ်လောကထဲမှာ ဘေးကင်းလုံခြုံစွာ ပျော်ရွှင်မြူးဖို့ Samsung Kids က ကူညီပံ့ပိုးပေးပါတယ်။

ဝင်ကြည့်ဖို့ လွယ်ကူပါတယ်

သင့်ကလေးအနေဖြင့် စက္ကန့်ပိုင်းအတွင်း ဆက်တိုက် ခရီးသွားနိုင်ပါသည်။ အမြန် ပန်နယ်တွင် Samsung Kids ကို နှိပ်ပြီး အက်ပ်အတွင်း ဝင်ရောက်ခြင်းနှင့် ထွက်ခွာခြင်း
ဆောင်ရွက်ရန် သင့်ကိရိယာအတွက် သတ်မှတ်ထားသော တူညီသည့် PIN (သို့မဟုတ်) ဇီဝအမှတ်အသားများကို အသုံးပြုလိုက်ရုံပါ။ နောက်ထပ်စကားဝှက်တစ်ခု
မှတ်ထားဖို့ မလိုပါဘူး။ ဆက်တင်ချိန်ညှိဖို့ လိုအပ်ပါက Samsung Kids ခလုတ်ကို အတော်ကြာကြာ ဖိနှိပ်ထားပါ။

သင့်ကို စိတ်အေးစေပါတယ်

Samsung Kids သုံးပြီး ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ် အလေ့အကျင့်များ ဖြစ်ပေါ်လာအောင် သင့်ကလေးကို ကူညီပေးပါ။ ကစားချိန်ကို ကန့်သတ်ပေးခြင်းအပြင် အချို့သော ဆက်သွယ်ရန်အချက်အလက်များနှင့် အက်ပ်များကို ဝင်ကြည့်ခွင့် ပေးခြင်း ဆောင်ရွက်ပါ။ သင့်ကလေး ဘာတွေလုပ်နေကြောင်း သိရဖို့ အသုံးပြုမှုပုံစံ သတင်းပေးပို့ချက်နှင့်အတူ မျက်ခြေမပြတ် စောင့်ကြည့်ပါ (သို့မဟုတ်) သူတို့အတွက် သင့်တော်တဲ့အရာကိုပဲ ကြည့်ရှုနေတာ သေချာပါစေ။ Samsung Kids က သင့်ကလေးအတွက် သင်ယူလေ့လာပြီး ကစားဖို့ရာ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ပါတယ်။

သူငယ်ချင်းအုပ်စုကို ကြည့်လိုက်ပါဦး

သင့်ကလေး၏ တီထွင်ဖန်တီးနိုင်စွမ်းကို သူငယ်ချင်းအသစ်များနှင့် အတူ ထုတ်ဖော်ပါစေ။ ကလေးများအတွက် အဆင်ပြေစေတဲ့ ကင်မရာ၊ အင်တာနက် အသုံးပြုခွင့်တို့နဲ့အတူ Samsung Kids တွင် အကန့်အသတ်မရှိနိုင်တဲ့ ပျော်ရွှင်မှုများအတွက် စတိုင်ကျတဲ့ Crocro၊ ရည်မှန်းချက်ကြီးတဲ့ စားဖိုမှူး Cooki၊ ဂီတကို ချစ်မြတ်နိုးတဲ့ Lisa၊ တီထွင်ဖန်တီးမှုရှိတဲ့ Bobby ၊ သူငယ်ချင်းအသစ် Leo နဲ့ Finn တို့နဲ့ အတူ လုပ်ဆောင်ပါလိမ့်မည်။

မာတိကာအကြောင်းအရာ စာမျက်နှာနဲ့အတူ နောက်ထပ် ကမ္ဘာအသစ်တွေကို စူးစမ်းလေ့လာလိုက်ကြရအောင်

တကယ်တော့ သင့်ကိရိယာထဲမှာ ရှိနေတဲ့ ဂိမ်းအသစ် အမျိုးမျိုးဟာဆိုရင် သင့်ရဲ့ကလေးအတွက် ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ယှဉ်ပြိုင်ဆောင်ရွက်နိုင်စေမှာ ဖြစ်ပါတယ်။ ညာဘက်ကို ပွတ်ဆွဲပြီး၊ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ကွန့်မြူးခွင့်သာပေးလိုက်ပါ။ နောက်ခံအကြောင်းအရာ အမျိုးမျိုးအပေါ်အခြေခံထားတဲ့ ဒီပျော်ရွှင်ဖွယ်ရာတွေကနေတဆင့် သင့်ရဲ့ကလေးငယ်ဟာ သူတို့ကို စိတ်ကျေနပ်မှုရရှိစေမယ့်အပြင် သိပ္ပံနဲ့ သင်္ချာ ဘာသာရပ်များကို သင်ကြားပေးနိုင်မယ့် အသက်အရွယ်အလိုက် ပရောဂျက်အမျိုးမျိုးနဲ့အတူ တတ်ကျွမ်းမှုအသစ်တွေကို တည်ဆောက်၊ ဖန်တီး၊ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

* အသုံးပြုလေ့လာနိုင်မယ့် မာတိကာအကြောင်းအရာများ ရရှိနိုင်မှုဟာဆိုရင် သင်နေထိုင်တဲ့ နိုင်ငံ၊ အသုံးပြုတဲ့ ကိရိယာနဲ့ စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းမှုတို့အပေါ်မူတည်ပြီး ကွဲပြားကောင်း ကွဲပြားမှာ ဖြစ်ပါတယ်။

Samsung Kids စီစဉ်ဖွဲ့စည်းပုံ

Samsung Kids နှင့်ပတ်သက်ပြီး အမေးများသော မေးခွန်းများ

သင်တို့ အမေးအများဆုံး မေးခွန်းများကို ဖြေကြားပေးထားပါတယ်။

 

အက်ပ်များ နှင့် ဝန်ဆောင်မှုမျ

Galaxy စမတ်ဖုန်းသည် မတူညီသော အက်ပ်များနှင့် ဝန်ဆောင်မှုအိုင်ကွန်များကို ပြသလျက်ရှိသည်။ စမတ်ဖုန်း၏ မျက်နှာပြင် နှစ်ဖက်စလုံးတွင် Galaxy စက်ပစ္စည်းများ သုံးစွဲနေသောသူများ၊ Galaxy အက်ပ်များနှင့် ဝန်ဆောင်မှုများနှင့် ဆက်စပ်ပြီး ကိုယ်ဟန်ပြပို့စ်ပေးနေသောသူများကို တွေ့မြင်နိုင်ပါသည်။ Galaxy စမတ်ဖုန်းသည် မတူညီသော အက်ပ်များနှင့် ဝန်ဆောင်မှုအိုင်ကွန်များကို ပြသလျက်ရှိသည်။ စမတ်ဖုန်း၏ မျက်နှာပြင် နှစ်ဖက်စလုံးတွင် Galaxy စက်ပစ္စည်းများ သုံးစွဲနေသောသူများ၊ Galaxy အက်ပ်များနှင့် ဝန်ဆောင်မှုများနှင့် ဆက်စပ်ပြီး ကိုယ်ဟန်ပြပို့စ်ပေးနေသောသူများကို တွေ့မြင်နိုင်ပါသည်။
  • Samsung Kids လုပ်ဆောင်ချက်များ ရရှိနိုင်မှုက နိုင်ငံ၊ ကိရိယာနှင့် လုပ်ဆောင်ဆဲ ပြုပြင်ထိန်းသိမ်းမှုအပေါ် မူတည်ပြီး ကွဲပြားနိုင်ပါသည်။
  • အမြန် ပန်နယ် မှ Samsung Kids ကို အသုံးပြုရန် Android 9.0 (သို့မဟုတ်) ၎င်းနှင့်အထက် လိုအပ်သည်။
  • Android 9.0 ထက်နည်းသော ဗားရှင်းကို အသုံးပြုထားသည့် device များအတွက် သင်သည် Galaxy Store တွင် ဒေါင်းလုဒ်လုပ်နိုင်သော(သို့မဟုတ်)အပ်ဒိတ်လုပ်နိုင်သော သက်ဆိုင်ရာ "Kids Mode" တွင် ရရှိသော အလားတူ လုပ်ဆောင်ချက်များကို သုံး၍ ရကောင်းရနိုင်သည်။
  • ပုံဖြင့်သရုပ်ဖော်ပြရန်အလို့ငှာ အသွင်တူဖန်တီးထားသော ကိရိယာနှင့် စခရင်ပုံများ။